Gazette

ကိုရီးယားရောက် သီတဂူဆရာတော်ကြီး

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာမိသားစုများ ပင့်ဖိတ်ချက်အရ သီတဂူဆရာတော်ကြီးသည် ၃-၆-၂၀၁၅နေ့ မနက်ပိုင်းတွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်တော်မူသည်။

(က) ကိုရီးယားနိုင်ငံရောက်ခိုက် မြန်မာရဟန်းတော်များနှင့် မြန်မာမိသားစုများက ကြိုဆိုဂါရဝပြုကြသည်။

(ခ) ကိုရီးယားနိုင်ငံတွင် ထင်ရှားကျော်ကြားသည့် မဟာယာနဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပင့်ဖိတ်ချက်အရ ရှေးဟောင်း ကိုရီးယားဗုဒ္ဓဘာသာကျောင်းတော်များသို့ ကြွရောက် နှုတ်ခွန်းဆက်သည်။

(ဂ) ထို့ပြင် ကိုရီယားနိုင်ငံ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ တည်ထောင်သည့် (Dongguk University) ကို ကြွရောက်၍ တက္ကသိုလ်အဓိပတိဆရာတော်နှစ်ပါးက အပြန်အလှန် ကျောင်းသား ၊ ဆရာ လဲလှယ်သင်ကြားရေးစနစ်ကိုလည်း ဆွေးနွေးခဲ့သည်။

(ဃ) ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုများ၊ ကိုရီးယားနိုင်ငံသားများအားလည်း တရားတော်များ ချီးမြင့်တော်မူသည်။

(င) ကိုးရီးယားနိုင်ငံသို့ ရောက်ရှိနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးသည် ရ-၆-၂၀၁၅ ညနေပိုင်းတွင် ဆင်ဖြူတော် ဖေါင်ဒေးရှင်း ပဓာနဦးဆောင် ကိုးရီးယားဆရာတော်နှင့် တွေ့ဆုံခဲ့ပါသည်။

ဆင်ဖြူတော်ဖေါင်းဒေးရှင်းဆရာတော်သည် ယခင်ကတည်းက သီတဂူဆရာတော်နှင့်အတူ လက်တွဲကာ ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ယခုအကြိမ်တွေ့ဆုံမှုတွင် ဆင်ဖြူတော်ဖေါင်းဒေးရှင်းဆရာတော်မှ သီတဂူသာသနာပြုအဖွဲ့မှ ဆောင်ရွက်နေသော နာဂတောင်တန်းဒေသ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု စီမံကိန်းတွင် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရန်အတွက် စာသင်ကျောင်းတစ်ဆောင် ပါဝင် ဆောက်လုပ်လှူဒါန်းပေးမည်ဟု ကတိပေးထားသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

gazettte-37 gazettte-38 gazettte-39 gazettte-40

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 13 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈