ဗုဒ္ဓမြတ်စွယ်တော်တစ်ဆူကိန်းရာ၊ အဋ္ဌကထာကျမ်းစာများပေါ်ထွန်းရာ၊ စတုတ္ထသင်္ဂါယနာတင်ရာ သီရိလင်္ကာနိုင်ငံမှ ဒီကနေ့ (၃၁-၅-၂၀၁၅) နံနက်ပိုင်းက ရန်ကုန်မြို့သို့ပြန်ရောက်လာ။
ဆရာတော်ကြီးနှင့် သီတဂူအဖွဲ့ကို သီတဂူသာသနာပြုအဖွဲ့ ကပ္ပိယကာရအဖွဲ့က သွားရောက်ကြိုဆို နှုတ်ခွန်းဆက် ဂါရပြုကြသည်။
သီတဂူဆရာတော်ကြီးသည် သီတဂူအာယုဒါနဆေးရုံတွေင် နှစ်များစွာ ကုသိုလ်ယူကြသော ဆရာ၊ ဆရာမများ၊ သူနာပြုများကို သီရိလင်္ကာနိုင်ငံသို့ လိုက်ပို့ခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံသို့ ရောက်ခဲ့ ရွှေကျင်နိကာယသံဃာ့အဖွဲ့နှင့် သီရိလင်္ကာသမ္မတတို့က ဆက်ကပ်သော “Vishvakeerthi Sri Sasana Sobhana Dharama Shastra Visharada” သာသနာတော်ကို တင့်တယ်စေခြင်း၊ ဓမ္မကိုရဲရင့်ပြတ်သားစွာ ဖြန့်ဝေခြင်းတို့၌ ထင်ရှားကျော်ကြားသော ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း အလှူခံခဲ့သည်။
သီရိလင်္ကာနိုင်ငံ မကုဋာရာမ မြန်မာဘုန်းတော်ကြီးကျောင်းကိစ္စကိုလည်း အကူအညီများပေးခြင်း၊ သီရိလင်္ကာရောက် ပညာသင် မြန်မာရဟန်းတော်များအား သြဝါဒချီးမြင့်ခြင်းများလည်း ဆောင်ရွက်တော်မူခဲ့သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
၃၁-၅-၂၀၁၅
We have 30 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈