Gazette

သီရိလင်္ကာရောက် သီတဂူဆရာတော်

သီတဂူဆရာတော်ကြီးသည် ၂၂-၅-၂၀၁၅နေ့ညက သီရိလင်္ကာနိုင်ငံသို့ရောက်ရှိပါသည်။ ဆရာတော်ကြီးသည် သီတဂူအာယုဒါနဆေးရုံ၌ နှစ်ရှည်တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများကို ဒေသန္တရဗဟုသု ရစေရန် စတုတ္ထသင်္ဂါယနာ သံဃာ့သန္နိပါတပွဲကြီးကျင်းပရာ၊ အဋ္ဌကထာကျမ်းများစွာ ပေါ်ထွက်ရာ ဒေသဖြစ်သည့် သီရိလင်္ကာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြသည်။

ရှေးမြန်မာမင်းများလက်ထက်ကထဲက မြန်မာ+သီရိလင်္ကာနှစ်နိုင်ငံသည် သာသနာရေးနှင့် နိုင်ငံရေးမှာ ချစ်ခင်ရင်းနှီးကြသည်။ ယနေ့ခေတ်မှာလည်း အပြန်အလှန် သာသနာရေး ဘာသာရေး၊ နိုင်ငံရေး ချစ်ခင် ရင်နှီးကြသည်။

ဒုတိယအကြိမ် သီတဂူဆရာတော်အား ဂုဏ်ထူးဆောင်ဘွဲ့ကပ်

၂၇-၅-၂၀၁၅ နေ့၊ သီရိလင်္ကာနိုင်ငံ Colombo မြို့၊ မဟာဝိသုဒ္ဓါရာမ ရွှေကျင်ကျောင်းတိုက်တွင် ရွှေကျင်နိကာယဂိုဏ်းက သီတဂူဆရာတော်ဘုရားကြီးအား သာသနာတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းသည်။ ယခုဘွဲ့သည် သီရိလင်္ကာနိုင်ငံမှ ကပ်သော နှစ်ခုမြောက်ဘွဲ့ဖြစ်သည်။


ဘွဲ့တံဆိပ်ကပ်လှူပူဇော်ပွဲသို့ သီရိလင်္ကာနိုင်ငံလုံးဆိုင်ရာ ရွှေကျင်သာသနာပိုင်ဆရာတော်နှင့် ရွှေကျင် သံဃနာယက သက်တော် ၁၀၀ နှစ်ရှိ ဆရာတော်ဘုရားကြီး၊ သီရိလင်္ကာသမ္မတကြီးတို့က ကြွရောက်ချီးမြှင့်ပေးပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

gazettte-28gazettte-29gazettte-30
gazettte-31

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 13 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈