Gazette

ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား ဖိတ်ကြားခြင်း

ဗုဒ္ဓသာသနာနှစ် ၂၅၅၈-၂၅၅၉ မြန်မာနှစ် ၁၃၇၇ ကဆုန်လပြည့်နေ့ (၂-၅-၂၀၁၅)မှာ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် မြတ်ဗုဒ္ဓ၏ ကဆုန်လပြည့်နေ့ ဆု-ဖွား-ပွင့်-စံ အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

(က) နံနက် ရးဝဝ နာရီမှာ သီတဂူဆရာတော်ကြီးက ဗုဒ္ဓနေ့ အခမ်အနား တရားချီးမြင့်မည်။ ညပိုင်း-၇းဝဝနာရီမှာလည်း ဆရာတော်ကြီးက တရားချီးမြင့်မည် ဖြစ်သည်။
(ခ) တရားပွဲအပြီး နံနက် ၉းဝဝ နာရီအချိန်တွင် သီတဂူသာသနာပြုဗိမာန်ရှေ့က မဟာဗောဓိပင် နှစ်ဆူအား ရေဖြင့် ပူဇော် (ညောင်ရေးသွန်း)ကြမည် ဖြစ်သည်။
(ဂ) ညောင်ရေးသွန်းအပြီး စတုဒိသာ အကျွေးအမွေးဖြင့် လာသမျှပရိသတ်ကို ဧည့်ခံကျွေးမွေးမည်ဖြစ်သည်။
(ဃ) လပြည့်နေ့ အကြိုတရားပွဲများ

 

ဗုဒ္ဓနေ့အကြိုတရားပွဲများကိုလည်း ကဆုန်လဆန်း (၁၁)ရက်၊ ၂၈-၄-၂၀၁၅ အင်္ဂါနေ့ကစပြီး လပြည့်ကျော် (၄)ရက်နေ့အထိ ၉ ညတိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် သီတဂူကပ္ပိယလူကြီးမင်းများ အားလုံးနှင့် တရားချစ်ခင်သူတော်စင်အားလုံးတို့ကို ဗုဒ္ဓနေ့အခမ်းအနား ကြည်ညိုသဒ္ဓါပွားနိုင်ရန် ဖိတ်မန္တက ပြုပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

gazettte-27

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 15 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈