သီတဂူဆရာတော်ဘုရားကြီးသည် နာဂတောင်တန်းဒေသ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးရေးကိစ္စများကို ဆောင်ရွက်သည်။
စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ကထိက နှစ်ပါးကို နွေရာသီ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ဗုဒ္ဓဓမ္မသင်တန်းများ ပို့ချပေးရန် နာဂတောင်တန်းသို့ စေလွတ်သည်။
ထို့ပြင် ဆရာတော်ကြီးနှင့်အတူ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများ၊ ကိုးရီးယားဆရာတော် (ဆင်ဖြူတော်ဖေါင်ဒေးရှင်း) အဖွဲ့၊ မျက်စိဆရာဝန်ကြီး ဒေါက်တာဦးမြအောင်၊ ဒေါက်တာဦးစံအေးနှင့် သီတဂူအာယုဒါနဆေးရုံမှ သူနာပြုတို့သည် မျက်စိစမ်းသပ်လူနာ ၂၇၃ ဦးနှင့် ခွဲစိပ်လူနာ ၃၇ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။
ယခုအခါ ဆရာတော်ကြီးသည် (၅-၄-၂၀၁၅) တွင် နာဂတောင်တန်းဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုများ ပြီးဆုံးပြီးသဖြင့် စစ်ကိုင်းသို့ပြန်ရောက်ပြီ ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 8 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈