Gazette

သပိတ်မှောက်ကျောင်းသားများသို့ မေတ္တာရပ်ခံခြင်း

၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၂)ရက်

၁၅.၂.၂၀၁၅(တနင်္ဂနွေ)နေ့
သပိတ်မှောက်ကျောင်းသားအပေါင်းတို့
သားတို့သမီးတို့သည် အမျိုးသားပညာရေးဥပဒေအတွက် ဒီမိုကရေစီစနစ်နှင့်အညီ စားပွဲဝိုင်း ပေါ်အထိ တွေ့ဆုံဆွေးနွေး ညှိနှိုင်းလျက် အောင်မြင်စေရန် ဆောင်ရွက်ခဲ့ကြသည်ကို သိရှိရသဖြင့် ဂုဏ်ယူမိပါသည်။

နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ NNER နှင့် သပိတ်မှောက်ကျောင်းသားတို့၏ တွေ့ဆုံညှိနှိုင်း သဖြင့် ရရှိလာသော ရလဒ်တို့သည်လည်း ကောင်းမွန်ကြမည်ဟု ယုံကြည်ပါသည်။ ထို့အပြင် စုပေါင်း လက်တွဲ၍ ဆက်လက်ညှိနှိုင်းဆောင်ရွက်ကြရဦးမည့် လုပ်ငန်းတာဝန်တို့ကိုလည်း ယခုကဲ့သို့ပင် ရင်းနှီး ယုံကြည်စွာ ဆက်လက်၍ ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုပါသည်။ သားသမီးတို့၏ လိုအင်ဆန္ဒကို မိဘများက စွမ်းနိုင်သမျှ ဖြည့်ဆည်းပေးသလို အကိုကြီး အမကြီးတို့ကလည်း ၀န်းရံအားပေးကြသည်ကိုလည်း တွေ့ရှိရပါသည်။

ယခုအခါ၌ မိမိတို့၏ အောင်မြင်မှုတို့ကို ဂုဏ်ယူလျက် မိမိတို့ဆိုင်ရာ အရပ်ဒေသအသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင်သို့ အမြန်ဆုံး ပြန်လည်ခို၀င်၍ အနာဂါတ်တိုင်းပြည်အတွက် ပညာရပ် များကို ဆက်လက်ဆည်းပူး သင်ကြားကြပါရန် အထူးမေတ္တာရပ်ခံလိုက်ပါသည်။


သားတို့ သမီးတို့  . . . . . .
နိုင်ငံတော်အတွင်း အမျိုးမျိုး အဖုံဖုံ ပဋိပက္ခဆူပူလှုပ်ရှားမှုများ၌  သားတို့သမီးတို့သည်  ငြိမ်းချမ်းရေး တည်ဆောက်သူများ (Peace Maker) များအနေအားဖြင့် နိုင်ငံတော်ကို ဝိုင်း၀န်း ကူညီကြ၍  နိုင်ငံတော်၏လည်းကောင်း၊ သာသနာတော်၏လည်းကောင်း သားလှရတနာ သမီးလှရတနာများအဖြစ် ဒို့များ အမြဲမြင်ချင် လှပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”

gazettte-12

သီတဂူဆရာတော်
ဒေါက်တာအရှင် ဉဏိဿရ (Ph.D., D.Litt.)
အဂ္ဂမဟာပဏ္ဍိတ၊ တွဲဖက်ရွှေကျင်သာသနာပိုင်(၄)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်

 

gazettte-13 gazettte-14 gazettte-15 gazettte-16

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈