မြန်မာနိုင်ငံ သီတဂူဆရာတော်ကြီးနှင့် နီပေါလ်နိုင်ငံ ဆရာတော်ဦးဉာဏပုဏ္ဏိက ပူးပေါင်းပြီး လုမ္ဗိနီ မြတ်ဗုဒ္ဓမွေးဖွားရာ ဒေသ ထိမ်းသိမ်းစောင့်ရှောက်ရေး၊ ကာကွယ်ရေး၊ တိုးတက်ရေးတို့ကို ဦးတည်၍ နိုင်ငံတကာ ဗုဒ္ဓဘာသာ အစည်းအဝေးကို ပထမနေ့အဖြစ် ကျင်းပသည်။
တက်ရောက်လာသူ
ထိုဖွင့်ပွဲကို မြန်မာရွှေကျောင်းအတွင်းက ရွှေတိဂုံစေတီဝန်းအတွင်းကျင်းပသည်။ သီတဂူဆရာတော်ကြီး ဦးဆောင်ကျင်းပသော ထိုပွဲသို့ နိုင်ငံတကာမှ ပညာရှင် ၆၀ ကျော်တို့ စာတမ်းဖတ်ကြမည်။ နီပေါလ်နိုင်ငံ သမ္မတ၊ သာသနာရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးများ၊ အစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ သာသနာရေးဝန်ကြီး၊ နီပေါလ်ဆိုင်ရာ မြန်မာသံအမတ်၊ သီရိလင်္ကာသံအမတ်၊ ထိုင်းသံအမတ်၊ အိန္ဒိယသံအမတ်၊ အခြား အစိုးအဖွဲ့အစည်းများ၊ သီတဂူအဖွဲ့ နီပေါလ်အဖွဲ့၊ အိန္ဒိယရောက် မြန်မာကျောင်းသား ရဟန်းတော် ၆၂ ပါး၊ လေ့လာသူ စုစုပေါင် ၁၀ဝ၀ တစ်ထောင်ဝန်းကျင်တို့ တက်ရောက်ကြသည်။
စကားပြောသူများ
နီပေါလ်သမ္မတ မလာခင် ဒေါက်တာ ဓမ္မဿာမိက အခမ်းအနားမှုးဆောင်ရွက်၍ ဒေါက်တာ ပရောဖဆာ အာဆင်္က (သီရိလင်္ကာ)၊ ဒေါက်တာသုဂန္ဓ (ထိုင်း)နှင့် အမေရိကမှ ရှေးဟောင်းသုတေသနပညာရှင်တို့ စကားပြောကြသည်။
ဒေါက်တာ ဉာဏပုဏ္ဏိက
နီပေါလ်သမ္မတ ရောက်လာသည့်အခါ ဖွင့်ပွဲကို စတင်ကျင်းပရာ ဒေါက်တာ ဉာဏပုဏ္ဏိက နီပေါလ်ဆရာတော်က ရှေးဦးစွာ ကြိုဆိုနုတ်ခွန်းဆက် စကားပြောသည်။
ဒီအစည်းအဝေးကြီးကိုကျင်းပဖို့ လွန်ခဲ့သည့်နှစ်က သီတဂူဆရာတော်က မိန့်လိုက်သဖြင့် စိတ်အလွန်လှုပ်ရှားခဲ့ဖူးသည်။ ဒီလို နိုင်ငံတကာ အစည်းအဝေးကြီးကျင်းပဖို့ဆိုတာ သူ့အတွက် အလွန်ခက်ခဲကြောင်း၊ သို့သော်လည်း သီတဂူဆရာတော်ကြီး၏ အထောက်ပံ့ဖြင့် ဒီအစည်းအဝေးကြီးကို ကျင်းပနိုင်ကြောင်း၊ ဒီအစည်းအဝေးကြီး၏ ကုန်ကျစရိတ်နှင့် ဘက်ပေါင်းစုံက ထောက်ပံ့ပေးသော သီတဂူဆရာတော်ကြီးကို အထူးကျေးဇူးတင်ကြောင်း မိန့်သည်။
သီတဂူဆရာတော်
ဖွင့်ပွဲ မိန့်ခွန်းကို သီတဂူဆရာတော်ကြီးက မိန့်သည်၊ ထိုသို့မိန့်ရာမှာ “ဒီအပြည်ပြည်ဆိုင်ရာ အစည်းဝေးကြီးကျင်းပရာ နေရာကို ဒီလုမ္ဗိနီကို ရွေးရခြင်းအကြောင်း၊ မြတ်ဗုဒ္ဓ၏မွန်မြတ်သော ဖြစ်ရပ်များ ဖြစ်ရာ ၁။ လုမ္ဗိနီ၊ ၂၊ မဟာဗောဓိ (မဂဓ) ၃၊ မိဂဓာဝန ပထမဆုံး တရားဦးဟောရာ၊ ၄၊ သာဝတ္ထိ-မြတ်ဗုဒ္ဓ အများဆုံးသတင်းသုံးခဲ့ရာ ၅၊ သင်္ကဿနဂရ-မြတ်ဗုဒ္ဓအဘိဓမ္မာဟောပြီး ပြန်ကြွရာ၊ ၆၊ ကုသိနာရုံ-မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ဝင်ရာ တို့ဖြစ်ကြသည်၊ ထိုအထဲတွင် လုမ္ဗိနီလည်း အပါဝင်ဖြစ်သဖြင့် ဤနေရာကို ရွေးချယ်ရကြောင်း မိန့်သည်။
ကျေးဇူးတင်စကားပြောရာမှာ မြတ်ဗုဒ္ဓ၏မွန်မြတ်သော အမှတ်သားတို့နေရာ ကျောက်တိုင်စိုက်ထူးသော ပေးသော အသောကမင်းကြီး၊ မွန်မြတ်သော နေရာများကို ထိမ်းသိန်းကာကွယ် စောင့်ရှောက်ခဲ့သော ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် (မြန်မာ)၊ ဒီအစည်းဝေးကြီးကို ပြည့်စုံအောင် ဆောင်ရွက်ပေးသော ဦးဉာဏပုဏ္ဏိက၊ ကြွရောက်လာသော ရဟန်းသံဃာနှင့် လူကြီးမင်းများ အားလုံးကို ကျေးဇူးတင်ကြောင်း မိန့်သည်။
ဆင်လို ခွန်အားသုံး၊ မြင်းလို လျှင်မြန်၊ နွားလို သည်းခံ၊ ခြင်္သေ့လို ရဲရင့်ပြီး မြတ်ဗုဒ္ဓ၏မွန်မြတ်သော ကမ္ဘာ့အမွှေနှစ်များကို ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်း၊ တိုးတက်စေခြင်းများကို ပြုလုပ်ကြပါစို့ဟု မိန့်သည်။
မြန်မာသာသနာရေးဝန်ကြီး
မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးကလည်း သီတဂူဆရာတော်ကြီးအပြီးမှာ မိန့်ခွန်းပြောရာမှာ ဒီအစည်းအဝေးကြီးကို ကြီးမှုးကျင်းပသော သီတဂူဆရာတော်ကြီးနှင့်အဖွဲ့အား အထူးကျေးဇူးတင်ကြောင်း ပြောသည်။ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ ဒီလို ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီးအစည်းအဝေးကြီး ကျင်းပဖူးကြောင်း၊ မြတ်ဗုဒ္ဓဓမ္မကို မူရင်းမပျက် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ မပျောက်ပျက်အောက် ကာကွယ်ဖို့ ဆထက်တိုးတက်အောင် ပြုလုပ်ကြဖို့ လိုကြောင်းလည်း ပြောသွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှု
မြန်မာနိုင်ငံ စကိုင်းနက်နှင့် နီပေါလ် ရုပ်သံတို့မှ တိုက်ရိုက်ထုတ်လွှင့်သည်ကြောင်း နီးပေါလ် အခမ်းအနားမှုးက ကြေညာသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁၁-၂၀၁၄
We have 30 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈