ဒီကနေ့ မနက်စောစော သီတဂူဆရာတော်ကြီးနှင့်အဖွဲ့တို့သည် လုမ္ဗိနီဝန်းအတွင်းရှိ ဂျပန် ငြိမ်းချမ်းရေးဘုရားနှင့် မြတ်ဗုဒ္ဓဖွားရာနေရာကို သွားရောက် ဖူးမျှော် လေ့လာကြသည်။
ဆရာတော်ကြီးသည် သက်တော် ၇၈ ပြည့်- ၇၉နှစ်သို့ သွားရောက်ပြီး အကြိမ်ကြိမ်ရောက်ဖူးသည့်နေရာ ဖြစ်သော်လည်း တပည့်များကို အပင်ပန်းခံ နေရာအနှံ့လိုက်ပို့ပြီး ရှင်းပြသည်။ မနက်ပိုင်းဘုရားဖူးပြီး မြန်မာကျောင်းနှင့် နီပေါလ်ကျောင်းတို့တွင် နိုင်ငံတကာ ဗုဒ္ဓဘာသာ အစည်းအဝေးကြီးအတွက် အခမ်းအနားအတွက် ပြင်ဆင်မှုများ ပြုလုပ်ကြသည်။
နေ့လည်ပိုင်းမှာတော့ မြတ်ဗုဒ္ဓ၏ ခမည်းတော် ခမည်းတော် နှစ်ဖက်သော ဆွေတော်မျိုးတော်တို့နေရာ ကပိလဝတ္ထုနှင့် ဒေဝဒဟမြို့ နန်းတော်ရာ၊ မြတ်ဗုဒ္ဓအလောင်း တော်ထွက်ရာ၊ ဆွေတော်မျိုးတော်များ ဆောက်လုပ်လှူဒါန်းသော နိဂြောဓာရုံကျောင်းတော်ရာနှင့် ထိုနိဂြောဓာရုံကျောင်းတိုက်ကြီး၏ ထူးခြားမှုများ ဖြစ်သော (၁) မြတ်ဗုဒ္ဓ၏ဆွေတော်မျိုးတော်များအား မဟာဗုဒ္ဓဝင်ဟောခြင်း၊ (၂) ပေါက္ခရဝဿမိုးရွာသွန်းခြင်း၊ (၃) သားတော် ရာဟုလာ ရှင်ဖြင်း၊ (၄) ညီတော်နန္ဒမင်းသား ရဟန်းပြုခြင်း (၅) မိထွေးတော် ဂေါတမီ သူကိုယ်တိုင် ချုပ်ဆိုး ပြုလုပ်အပ်သော သင်္ကန်းကို ဘုရားရှင်အားလှူဒါန်းခြင်း စတဲ့ ထူးခြားသည့် အကြောင်းရာများကို ဟောပြောပေးသဖြင့် များစွာ ဗဟုသုတ ရရှိရပါသည်။
ညပိုင်း ၇ နာရီမှ နီပေါလ်ကျောင်းသို့ ရောက်၊ အိမ်ယာတည်ထောင် ဝတ်ကြောင်များကတော့ ညစာ စားကြပြီး မိမိတို့တည်းခိုရာ အသီးသီးဖြစ်သော မြန်မာကျောင်း၊ တရုပ်ဘုန်းကြီးကျောင်းများသို့ ပြန် အနားယူကြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၄
We have 75 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈