Gazette

သီတဂူအဖွဲ့ နီပေါလ်နိုင်ငံသို့ ခရီးဆက်ခြင်း

နီပေါလ်နိုင်ငံ၊ ၂၀၁၄၊ ခုနှစ် နိုဝင်ဘာလ၊ ၁၅-၁၆-၁၇ ရက်များတွင် ကျင်းပမည့် လုမ္ဗိနီ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ထိပ်သီး အစည်းအဝေးသို့ ကြွရောက်ကြမည့် သီတဂူဆရာတော် ဦးဆောင်သော သီတဂူအဖွဲ့တို့သည် (နိုဝင်ဘာလ ၆ ရက်နေ့ တစ်ဖွဲ့၊ နိုဝင်ဘာလ ၇ ရက်နေ့=နံနက်၊ ညနေ နှစ်ဖွဲ့) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွါကြမည်ဖြစ်သည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြတ်ဗုဒ္ဓဖွားမြင်ရာ ဒေသသည် ယခုအခါ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းအခြေအနေနှင့် ရင်ဆိုင်နေရသည် ဖြစ်သည်။ ထိုဒေသကို ကာကွယ် စောင့်ရှောက်ဖို့ရန် နီပေါလ်နိုင်ငံ အစိုးရမှာသာ တာဝန်ရှိသည်မဟုတ်၊ ဗုဒ္ဓဘာသာနိုင်ငံအားလုံးမှာ တာဝန်ရှိသလို ယဉ်ကျေးမှုအမွေအနှစ်ကို ချစ်မြတ်နှိုးကြသော ပညာရှင်များမှာလည်း တာဝန်ရှိနေပါသည်။

တာဝန်ရှိသည့်အားလျှော်စွာ ထိုဒေသကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု တွေ့ဆုံ ဆွေးနွေးပွဲကြီး ဖြစ်မြှောက်အောင် သီတဂူဆရာတော်ကြီးနှင့် နီပေါလ်နိုင်ငံ ထေရဝါဒတက္ကသိုလ် ဆရာတော် အရှင်ဉာဏပုဏ္ဏိကတို့ ဦးဆောင် ကမကထပြုလုပ်သည်။ သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့က ထိုအစည်းအဝေးကြီး၏ ကုန်ကျစရိတ်အားလုံးကို စပွန်ဆာပေးသည်။ အမေရိကန်ဒေါ်လာ နှစ်သိန်းဝန်းကျင် ခန့်မှန်းထားသည်။

မြန်မာနိုင်ငံမှ သမ္မတကြီးသဝဏ်လွှာနှင့် သာသနာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပညာရှင်များ တက်ရောက်ကြမည်၊ နိုင်ငံပေါင်းစုံမှ ပညာရှင်များက စာတမ်းပေါင်း ( )ကို တင်သွင်း ဖတ်ကြားကြမည် ဖြစ်သည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း) သုံးခုမှ ပါမောက္ခများ၊ ကထိကများလည်း ထိုအစည်းအဝေးကြီး၏ အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်သဖြင့် ကြိုတင်၍ သွားရခြင်းဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၁-၂၀၁၄

international-buddhist-conference-001

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈