သီတဂူအာယုဒါနဆေးရုံတော်ကြီးကို တစတစ တိုးချဲ့လာရာကနေ မျက်စိအထူးကုဌာနကြီးကို (၂၀-၁၀-၂၀၁၄)နေ့က စတင်ဖွင့်လှစ်လိုက်ပါပြီ။
ထိုဖွင့်ပွဲကို သီတဂူသံဃာ့ဝန်ဆောင်အဖွဲ့၊ သီတဂူကပ္ပိယကာရက အတွင်းရေးမှူး ဦးဟန်၊ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်၊ မျက်စိအထူးကုဌာန တာဝန်ခံ ဒေါက်တာမိမိခင်နှင့် ဆေးရုံဝန်ထမ်းများက ဖွင့်လှစ်ပေးသည်။ မျက်စိခွဲစိပ်ဆောင်နှင့် မျက်စိလူနာဆောင်အလှူရှင် မိသားစုတို့လည်း တက်ရောက်ကြသည်။
မျက်စိ ခွဲစိပ်ဆောင် အလှူရှင်များ
ဦးသန့်+ဒေါ်ချစ်ချစ်
မြင့်မြင့်ခင် ထိုးမုန့် လမုန့် မိသားစု၊ မန္တလေးမြို့။
မျက်စိလူနာဆောင် အလှူရှင်
နှစ်ဖက်သော မိဘများနှင့် ဦးတင်ဝင်းတို့အား ရည်စူး၍ ဒေါ်တင်တင်ဝင်း (မြင့်မြင့်မိုရ် - စည်တော်ကြီး လ္ဘက်+အကြော်စုံ) မိသားစု ကောင်းမှု။ မန္တလေးမြို့။
မှတ်ချက်။ ။ နှလုံးအထူးကုဌာနကိုလည်း မကြာမီ ဖွင့်လှစ်မည်ဟုလည်း သီတဂူဆရာတော်ကြီးက မိန့်ထားသည်။
မျက်စိအထူးကု အစီအစဉ်
မလေးရှားနိုင်ငံမှ Dr. Peter Kong ဦးဆောင်သည့် မျက်စိ ရှေ့ခန်း/နောက်ခန်းခွဲစိတ် အထူးကုဆရာဝန်များသည် (၁၉-၁၀-၂၀၁၄)မှစ၍ သီတဂူအာယုဒါနဆေးရုံတော် (စစ်ကိုင်း)သို့ ရောက်ရှိလာကြသည်။
ခွဲစိတ်ကာလသည် (၂၆၊ ၁၀၊ ၂၀၁၄) နေ့ထိ ဖြစ်ပါသည်။
၂၀-၂၁ ရက်နေ့၊
စစ်ဆေးပြီးလူနာ-၁၅၀၊
ခွဲစိပ်လူနာ-- ၂၅
မျက်စိဝေဒနာရှင်များအတွက် ကြိုတင်စမ်းသပ်စစ်ဆေးမှုများကို သီတဂူ ဒေါက်တာဒေါ်မိမိခင်က ဆောင်ရွက်ပေးသည်။
သို့ဖြစ်ပါသောကြောင့် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များသည် သီတဂူအာယုဒါနဆေးရုံတော်သို့ လာရောက်စာရင်းသွင်း ခွဲစိတ်ကုသမှုခံယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
We have 3 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈