ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ခရစ်ယာန်များတည်ထောင်သော (Assumption University of Thailand) အေပက်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေကြသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ရဟန်းတော်များ----
၁။ အရှင်ဝိသာရဒ၊ ကနီကျေးရွာ၊ ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်းတွင် အဖ ဦးမြစံ+အမိ ဒေါ်ဒေါင်းတင်တို့မှ ၁၃၃၇-ခုနှစ် ပြာသိုလ်လဆုတ် (၇)ရက်နေ့ မွေးဖွား၊ သာသနဓဇဓမ္မာစရိယဘွဲ့ရပြီး။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့ရ။
၂။ အရှင်သူရိယ၊ ညောင်လယ်ရွာ၊ ဂန့်ဂေါမြို့နယ်၊ မကွေးတိုင်းတွင် အဖ ဦးသာကျော်+အမိ ဒေါ်အေးမှုံတို့မှ ၁၃၄၀ ခုနှစ်၊ တော်သလင်းလဆန်း (၁၃)ရက်နေ့ မွေးဖွား။ သာသနဓဇဓမ္မာစရိယဘွဲ့ရပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့ရ။
၃။ အရှင်ဇဋိလ၊ ခနီးကျေးရွာ၊ ကဝမြို့နယ်၊ ပဲခူးတိုင်းတွင် အဖ ဦးငြိမ်းထွန်း+အမိ ဒေါ်အုန်းသန်းတို့မှ ၁၃၄၂ခုနှစ် တပေါင်းလဆန်း (၁၂)ရက်နေ့၊ မွေးဖွား။ သာသနဓဇဓမ္မာစရိယဘွဲ့ရပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့ရ။
၄။ အရှင်ပဏ္ဍိတဓဇာလင်္ကာရ၊ ကျောက်တလုံးကျေးရွာ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အဖ ဦးခွန်ဗုတ်+ အမိ ဒေါ်နန်းခမ်းဗိုလ်တို့မှ ၁၃၃၇ ခုနှစ်၊ တပေါင်းလဆုတ် (၈)နေ့၊ မွေးဖွား။ သာသနာလင်္ကာရသာမဏေကျော်၊ သာသနဓဇဓမ္မာစရိယဘွဲ့ရပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့ရ။
၅။ အရှင်ကိတ္တိသာရ၊ သဗြူကုန်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်းတွင် အဖ ဦးအောင်မြင့်+အမိ ဒေါ်ညွန့်မြိုင်တို့မှ၊ ၁၃၃၇ ခုနှစ်၊ သီတင်းကျွတ်လဆုတ် (၁)ရက်နေ့ မွေးဖွား။ သာသနဓဇဓမ္မာစရိယဘွဲ့ရပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့ရ။
၆။ အရှင်နန္ဒာစာရာလင်္ကာရ၊ အုန်းတွဲရွာ၊ ထီးလင်းမြို့နယ်၊ မကွေးတိုင်းတွင် အဖ ဦးရှိန်+အမိ ဒေါ်မယ်သန်းတို့မှ ၁၃၄၀ခုနှစ် သီတင်းကျွတ်လဆုတ် (၅)ရက်နေ့ မွေးဖွား။ သာသနာလင်္ကာရသာမဏေကျော်၊ သာသနဓဇဓမ္မာစရိယဘွဲ့ရပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့ရ။
၇။ အရှင်နေမိန္ဒ၊ ဗောဓိကုန်းကျေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းတွင် အဖ ဦးငွေ+အမိ ဒေါ်ခင်လှတို့မှ ၁၃၄၀ခုနှစ်၊ ကဆုန်လဆုတ် (၁၃)ရက်နေ့၊ မွေးဖွား။ သာသနဓဇဓမ္မာစရိယဘွဲ့ရပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့ရ။
အထက်ဖော်ပြပါ ရဟန်းတော် (၇)ပါးတို့သည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့ရရှိပြီး၊ သီတဂူဆရာတော်ကြီး၏ စပွန်ဆာဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ခရစ်ယာန် အေပက်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည်။ ယခုအခါ ထိုရဟန်းတော်အားလုံး ထိုတက္ကသိုလ်မှ M.Aဘွဲ့ရရှိပြီး ဖြစ်ကြသည်၊ ပါရဂူတန်းအတွက် ဆက်လက်တက်ဖို့ ပြင်ဆင်လျက်ရှိသည်။
မှတ်ချက်။ ။ ထိုရဟန်းတော်များအနက် ၄ ပါးကိုတော့ အေပက်တက္ကသိုလ်က (၅၀) ရာခိုင်နှုန်းဖြင့် Scholarship ပေးသည်။ ကျန်အားလုံး သီတဂူဆရာတော်က စပွန်ဆာပေးသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၀-၂၀၁၄
We have 67 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈