မြတ်ဗုဒ္ဓဖွားရာဒေသ လုမ္ဗိနီသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်သည်၊ ယခုအခါကာကွယ်စောင့်ရှောက်ဖို့လိုအပ်သည့် အချိန်ဖြစ်သည်။ မြတ်ဗုဒ္ဓဖွားရာ နယ်နိမိတ်အတွင်း စီးပွားရေးဇုန်များ၊ တခြားယဉ်ကျေးမှုများ၊ ဘာသာများက တိုးဝှေ့နေရာယူလျက်ရှိသည်၊ ထိုအရေးကို နိုင်ငံတကာရဲ့အမွေအနှစ်ဖြစ်သည့်အားလျော်စွာ တကမ္ဘာလုံးက တာဝန်ရှိကြောင်းပြသဖို့လိုသည်။
သီတဂူဆရာတော်ကြီးသည် နီပေါလ်နိုင်ငံ ဒေါက်တာအရှင်ဉာဏပုဏ္ဏိကထေရ်နှင့်ပူးပေါင်း၍ နိုင်ငံတကာ ဗုဒ္ဓဘာသာထိပ်သီးအစည်းဝေးကို ကျင်းပနိုင်ရန် လူအင်အား (Man Power) ငွေအင်အား(Money Power) ပစ္စည်းအင်အား (Material Power) စိတ်ဓာတ်အင်အား (Mind
Power) များ စိုက်ထုတ်လျက်ရှိသည်။
၁။ ဗုဒ္ဓအမွေအနှစ် တိုးတက်ပြန့်ပွားရေး (Promotion of Buddhist Cultural Heritage)
၂။ ဗုဒ္ဓအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး (Preservation of BuddhistCultural Heritage)
၃။ ဗုဒ္ဓအမွေအနှစ် ကာကွယ် စောင့်ရှောက်ရေး (Protection of BuddhistCultural Heritage) ခေါင်းစဉ်တို့ဖြင့် စာတမ်းများတင်သွင်းကြမည် ဖြစ်သည်။
ထိုအစည်းအဝေးကြီး မကျင်းပမီ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန် နီပေါလ်သို့အချိန်လု၍ ကြွလေ့ရှိသည်။ အောက်တိုဘာလ ၁၀-၁၁-၁၂-ရက်များ နီပေါလ်၊လုမ္ဗိနီကြွရောက်၍ အစည်းဝေးကျင်းပရာ နေရာ၊ နိုင်ငံတကာမှ ကိုယ်စားလှယ်များတည်းခိုရာ နေရာ၊ ဟိုတယ် စသည်များကို သွားရောက် စစ်ဆေးသည်။
ဆရာတော်ကြီးသည် တကမ္ဘာလုံးအေးချမ်းစေရန် ခိုစာများလည်း ကျွေးခဲ့သေးသည်။၁၂ရက်နေ့ညက ရန်ကုန်မြို့သို့ ပြန်ကြွလာ၍ ၁၃ရက်နေ့ ညပိုင်း
ကိုရီးယားလေကြောင်းဖြင့် ကနေဒါနိုင်ငံသို့ ကြွရောက်မည် ဖြစ်ပါသည်။နိုင်ငံတကာ အစည်းဝေးရက်များ--၂၀၁၄၊ နိုဝင်ဘာလ-၁၅-၁၆-၁၇ ရက်များဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
We have 67 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈