သီတဂူဆရာတော်ကြီးသည် တောင်ကိုးရီးယားနိုင်ငံ ဆိုလ်မြို့မှာ ကျင်းပတဲ့ World Alliance of Religions Peace Summit (အပြည်ပြည်ဆိုင်ရာ ဘာသာရေးအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး) သို့ တက်ရောက် စကားပြောရန် ၁၇-၉-၂၀၁၄ ရက်နေ့ မနက်ပိုင်းက ကိုရီးယားနိုင်ငံ နိုင်ငံတကာအင်ချွန်းလေဆိပ်သို့ ရောက်ရှိသည်။
ကိုရီးယားနိုင်ငံ မြန်မာဘုန်းတော်ကြီး ဦးပဏ္ဍိစ္စ ဦးဆောင်သော တောင်ကိုးရီးယားရောက် မြန်မာပြည်မှ ဆရာတော်များနှင့် သံရုံးအရာရှိများက လေဆိပ်မှာ ကြိုဆိုနှုတ်ဆက် ဂါရဝပြုသည်။
ထိုနေ့ နေ့ခင်းပိုင်းမှာ ဆိုလ်မြို့၊ နိုင်ငံတကာ အိုလံပစ်အားကစားကွင်းကြီးမှာ ကျင်းပသည့် (World Alliance of Religions Peace Summit) အစည်းဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ထိုနေ့ ညနေပိုင်းမှာ အစည်းအဝေးကြီးကို ဦးဆောင်ကျင်းပသည့် ဥက္ကဌနှင့်ဇနီးတို့အား မြန်မာပြည်မှ ပင့်ဆောင်လာသော ကမ္ဘာ့ငြိမ်းချမ်းရေးသင်္ကေတဖြစ်သည့် ကျောက်သားဆင်းတုတော်ကို လက်ဆောင် ပေးခဲ့သည်။
(၁၈-၉-၂၀၁၄) မနက်ဖန်မနက်မှာဆက်လက်ကျင်းပမည့် World Alliance of Religions Peace Summit မှာ ဆရာတော်ကြီးသည် ထေရဗုဒ္ဓဘာသာကိုယ်စားပြု စာတမ်းဖတ်ကြားမည်ဖြစ်ပါသည်။
သတင်း-ဓာတ်ပုံ အရှင်ဝိသုတ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၉-၂၀၁၄
We have 59 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈