Gazette

သီတဂူဆရာတော် ပါကစ္စတန်ရေဘေးတွက် ဒေါ်လာ တစ်သောင်းအလှူ

(Sitagu Donation to Pakistan)

Sitagu Missionary Association has been established by Most. Ven. Dr. Ashin Nyanissara with the aim of giving a hand to the needy who are really in need, regardless of religion, race, color and caste. So far, much assistance has been reached out to those who are in need far and near and to those whatever religion they belong to.

 Today is a remarkable day which we learn with great pleasure that Sitagu Sayadaw, Most. Ven. Dr. Ashin Nyanissara has donated 10000 USD through Pakistani Embassy to some areas of Pakistan which are badly and severely affected by the heavy flood.

It is a good example that it is a must for everyone whatever religion they profess in to help those who are in need.

သီတဂူဆရာတော်ကြီးသည် ပါကစ္စတန်နိုင်ငံ၊ ရေးဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကို မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး၊ ပါကစ္စတန်သံအမတ်ကြီးထံသို့ ၁၆-၉-၂၀၁၄ နေ့၊ နေ့လည်ပိုင်းက သွားရောက်လှူဒါန်းသည်။

ဆရာတော်ကြီးက ထိုလှူဒါန်းပွဲမှာ လှူဒါန်းရခြင်း၏အကြောင်းကို ပါကစ္စတန်သံအမတ်ကြီးနှင့် သံရုံဝန်ထမ်းများ၊ သတင်းထောက်များအား အောက်ပါအတိုင်း မိန့်ကြားသည်။

ချစ်ခြင်းအပေါ်မှာ လက်တွဲခြင်း ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာတို့ဆိုပြီး နိုင်ငံတွေနဲ့ လူမျိုးတွေ၊ ကိုးကွယ်သည့်ဘာသာတွေ မတူကြသော်လည်းဘဲ Problem ပြဿနာဆိုတာ ဖြစ်ရင်၊ ဥပမာ ရေနစ်နေရင်၊ မြန်မာပြည်မှာလည်း ရေကြီးတာတွေ၊ ရေနစ်တာတွေ အများကြီးပဲ၊ မြန်မာဗုဒ္ဓဘာသာမှာ ဖြစ်သလို ခရစ်ယာန်၊ အစ္စလာန်၊ ပါကစ္စတန်မှာလည်း ဖြစ်တာပဲ။

အစ္စလာန်နှင့်ဗုဒ္ဓဘာသာ၊ ပါကစ္စတန်နှင့် မြန်မာဆိုတဲ့ အပေါ်က နာမည်လေးတွေကို ခဏဖယ်ထားလိုက်၊ ရေနစ်ခံရတဲ့ဒုက္ခ၊ ရေမြုတ်ခံရတဲ့ဒုက္ခဟာ ဘုံဆိုင်ပြဿနာ (Common Problem)ပဲ၊ အားလုံးနဲ့ဆိုင်နေတယ်။ အဲဒီတော့ အများနှင့်ဆိုင်နေတဲ့ ဒီပြဿနာကို ဝိုင်းဝန်းပြီးတော့ ဖြေရှင်းပေးရမည်။ ဒါဟာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ရှိသည့် တာဝန်ပဲ။

မတူတာလေးတွေကို ကြည့်ပြီးတော့ တူညီတဲ့အပေါ်မှာ လက်မတွဲနိုင်ကြရင် ကမ္ဘာကြီးက ပြဿနာတွေဟာ ရှင်းလို့ရမှာ မဟုတ်တော့ဘူး။ အဲဒီရဲ့ အမှတ်လက္ခဏာကို ပြဖို့ ဒီကနေ့ ဒို့လာလှူခြင်းဖြစ်သည်။

တူညီသည့်ပြဿနာနှင့် တူညီတဲ့ စိတ်ထား ရေမြုပ်ခြင်း၊ မီးလောင်ခြင်း၊ မိုးခေါင်းခြင်းဆိုတဲ့ ပြဿနာတွေဟာ တိုင်းပြည်နှင့်လူမျိုး၊ ကိုးကွယ်သည့်ဘာသာ မတူပေမဲ့ ဒီပြဿနာတွေ အားလုံးက တူနေတယ်။ ပြဿနာတွေ တူနေတယ်ဆိုရင် Common Problem လို့ ခေါ်တယ်။ အဲဒီတူညီတဲ့ ပြဿနာကို တူညီတဲ့ စိတ်ဓာတ်တစ်ခုရှာပြီးတော့ အားလုံး ဝိုင်းဖြေရှင်းရမည်။ ဒါဟာ ဘုန်းကြီးစိတ်ထဲမှာ အမြဲတမ်းရှိတယ်။ အဲဒီတော့ ပရဟိတအသင်းအဖွဲ့အားလုံးကို ဘုန်းကြီး ဒီအတိုင်းပဲပြောတယ်။

အဲဒီတော့ တူညီသော ပြဿနာအားလုံးကို တူညီသော စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဖြေရှင်းဖို့ဆိုရာမှာ အခုလို ရေမြုပ်ခြင်းတို့၊ မီးလောင်ခြင်းတို့၊ တောင်ပြိုခြင်းတို့၊ မိုးခေါင်းခြင်းတို့၊ ငတ်မွတ်ခြင်းတို့ ဒုက္ခတွေကို ဖယ်ရှားတဲ့နေရာမှာ ကရုဏာတရားအပေါ်မှာ အားလုံးလက်တွဲရမည့် Common Platformပဲ။ ဒီနေ့ ဘုန်းကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ အဲဒီ တူညီတဲ့ လမ်းပေါ်မှာ လက်တွဲပြီးတော့ ပါကစ္စတန်ရေဘေးအတွက် လှူတာပဲ။

ကရုဏာဆိုတာ သူတပါးဒုက္ခရောက်တဲ့အပေါ်မှာ ခံစားတဲ့ စိတ်။ ခံစားနေရုံနဲ့မပြီးသေးဘဲ သူတပါးရဲ့ ဒုက္ခကို ဖယ်ရှားပေးလိုတဲ့ စိတ်ဟာ ကရုဏာပဲ။ အဲဒီကရုဏာစိတ်ထားမျိုးဟာ လူမျိုးတိုင်း၊ ဘယ်ဘာသာကိုးကွယ်တဲ့ ဘာသာဝင်တိုင်းမှာမဆို ရှိအပ်တဲ့ နှစ်လုံးသားရဲ့ အရည်အချင်းပါပဲဆိုတာ အဲဒါလေးနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ပါကစ္စတန်ရေဘေးမှာ အသက်ဆုံးရှူံးသွားသူ ၃၀ဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သူ နှစ်သိန်းကျော် ရှိသူဟု ပါကစ္စတန်သံအမတ်ကြီးက ဆရာတော်ကြီးအား လျှောက်ထားပါသည်။

ဆရာတော်ကြီးမိန့်ကြားခဲ့သည့် ဗီဒီယိုဖိုင်မှ အသံများကို စာအဖြစ်ဖန်တီးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၉-၂၀၁၄

sitagu-donation-to-pakistan-01sitagu-donation-russia-02sitagu-donation-russia-03sitagu-donation-russia-04sitagu-donation-russia-05sitagu-donation-russia-06sitagu-donation-russia-07

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 28 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈