စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ၊ သီတဂူစက္ခုဒါနဆေးရုံတော်ကို ရဟန်းရှင်-လူများ၏ ကောင်းမှုဖြင့် သီတဂူဆရာတော်၊ စကားလှဓမ္မာရုံဆရာတော်၊ နေသာပညာဒါနဆရာတော်၊ မဟာသန္တာရုံဆရာတော်တို့၏ သြဝါးကို ခံယူလျှက် မြန်မာနှစ် ၁၃၇၁ခုနှစ်၊ ခရစ်နှစ် ၂၀ဝ၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။
ဖွင့်လှစ်ပြီးပြီးချင်းပဲ မျက်စိဝေဒနာရှင်များကို ကုသပေးခဲ့ရာမှာ--
ပထမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၁၅၄။ ခွဲစိပ်လူနာ-၂၄၈
ဒုတိယအကြိမ် ကုသမှု
စမ်းသပ်လူနာ-၇၃၅။ ခွဲစိပ်လူနာ-၁၇၅
တတိယအကြိမ် ကုသမှု
စမ်းသပ်လူနာ-၆၀၅။ ခွဲစိပ်လူနာ-၁၉၆
စတုတ္ထအကြိမ် ကုသမှု
စမ်းသပ်လူနာ-၅၆၂။ ခွဲစိပ်လူနာ-၁၇၁
ပဉ္စမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၆၂၃။ ခွဲစိပ်လူနာ-၁၄၃
ဆဋ္ဌမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၄၈၁။ ခွဲစိပ်လူနာ-၁၃၈
သတ္တမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၈၀၁။ ခွဲစိပ်လူနာ-၁၉၂
အဋ္ဌမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၈၅၀။ ခွဲစိပ်လူနာ-၃၀၃
နဝမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၁၀၁။ ခွဲစိပ်လူနာ-၂၁၄
(၉)ကြိမ်တိုင်တိုင်အထိ စမ်းသပ်လူနာ- (၇၉၁၂)တို့ကို စမ်းသပ် စစ်ဆေးပြီး၊ (၁၇၈၀)ဦးကိုတော့ ခွဲစိပ်ကုသပြီး မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။ တစ်မိသားစုတည်းမှာ မွေရာပါ မျက်မမြင် လေးယောက်လည်းပါသည်၊ မျက်လုံးနှစ်ခုလုံး အမြင်ရသွားကြသည်အတွက် ထိုမိသားစုတို့သည် အတိုင်းမသိ ဝမ်းသာသွားကြသည်။
အလှူငွေ၊ သုံးငွေများ----
သီတဂူစက္ခုဒါနဆေးရုံ (ကလေးမြို့)ကို အနယ်နယ်အရပ်ရပ်မှ လာရောက် ကုသမှုခံယူကြသည်၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များက လာရောက်လှူဒါန်းကြသည်။
ယနေ့အထိ အလှူငွေ--ကျပ်ငွေ (၃၉,၇၁၃၉၀ဝတို့ကို ရရှိသည်။ အသုံးပြုငွေမှာ--ကျပ်ငွေ ၄၀,၉၀၆၆၆၂ ရှိသည်။ ကုန်ကျစိရိတ် အသုံးပြုရာမှာ- ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမှ ဆရာဝန်များ၏ သွားလာစရိတ်၊ စားစရိတ်၊ လူနာများအတွက် ဆေးဝါးစရိတ်၊ မျက်မှန်စသည့် လိုအိပ်သည်များကို လှူပေးပါသည်။
ယခုအခါ သီတဂူစက္ခုဒါနဆေးရုံတော်ကို တိုးချဲ့ဆောက်လုပ်နေပြီ ဖြစ်ပါသည်။ စိတ်ပါဝင်စားသူတိုင်း ဆက်သွယ်နိုင်ပါသည်။ လှူဒါန်းနိုင်ပါသည်။
သီတဂူစက္ခုဒါနဆေးရုံတော်
စောင့်ရှောက်ရေးအဖွဲ့
ကလေးမြို့
ဖုန်း-၄၇၀၇ ၂၂၂၀၅
We have 66 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈