Gazette

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အလုပ်မှုဆောင်များ (EC) အစည်းအဝေး

သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့အလုပ်မှုဆောင်များ(EC)အစည်းအဝေးကိုသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)(၈-၉-၂၀၁၄)ညနေ(၃းဝ၀)နာရီအချိန်အစည်းအဝေးခန်း မဆောင် ၌ ကျင်းပသည်။

ထိုအစည်းအဝေးသို့ သီတဂူဆရာတော်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စီမံအုပ်ချုပ်ရေးနှင့် သင်ကြားစီမံအဖွဲ့ ပါမောက္ခ၊ ကထိကများ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ဝင် ကပ္ပိယကာရကအဖွဲ့ဝင်လူကြီးမင်းများ စုံညီစွာ တက်ရောက်ကြသည်။

 ဆရာတော်ကြီးက အောက်ပါ အစီအစဉ်များကို ကြေညာသည်---

၁။ ၂၀၁၅ခုနှစ် နှစ်ဦး ဇန္နဝါရီလ (၅)မှ စ၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ကနေ ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့သို့ သီတဂူကျန်းမာရေး စောင့်ရှောက်အဖွဲ့ (စစ်ကိုင်း)တို့ ချီတက်ကြမည်။ ဇန္နဝါရီ (၁၀)ရက်နေ့မှာတော့ သီတဂူကျန်းမာရေး စောင့်ရှောက်အဖွဲ့ (ရန်ကုန်)သည် ရန်ကုန်ကနေ ကျိုင်းတုံမြို့သို့ ထွက်ခွါကြမည်။ ထိုအဖွဲ့အားလုံးသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ သီတဂူစက္ခုဒါန ဆေးရုံသို့ ဆက်လက် ထွက်ခွါကြမည်။ရှမ်းတောင်၊ ခိုလန်၊ မိုင်းကန်းဘက်မှာ စာသင်ကျောင်းနှစ်ကျောင်းအတွက် ဒေသခံများက အလှူခံရာ ဆရာတော်ကြီးနှင့် သီတဂူကပ္ပိယအဖွဲ့တို့က သိန်း (၄၀ဝ)လောက် လှူဒါန်းဖို့ ရာထားသည်။

၂။ သီတဂူစက္ခုဒါန ဆေးရုံ (အုပ်ဖို) ပဲခူးတိုင်းဒေသကြီး ဖွင့်ပွဲကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၁-၂၂-၂၃-၂၄) ရက်များတွင် ကျင်းပမည်။ ထိုရက်များတွင် ဒေသခံမျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးမည်။ ထိုရက်များတွင် ဆရာတော်ကြီးနှင့်အတူ သီတဂူဓမ္မကထိကများက ညစဉ် တရားဓမ္မများ ဟောကြားပေးမည်။ ထိုပွဲအပြီးမှာပဲ သဲကုန်း သီတဂူစက္ခုဒါနဆေးရုံတွင် (၃)ရက်တိုင်တိုင် ဒေသခံမျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးမည် ဖြစ်သည်။

၃။ သီတဂူကျန်းမာရေး စောင့်ရှောက်အဖွဲ့တို့သည် ဖေဖော်ဝါရီလလောက်တွင် အောက်မြန်မာပြည် ဧရာဝတီတိုင်းဒေသ၊ မော်ကျွန်း၊ ဟိုင်းကြီးကျွန်း သီတဂူစက္ခုဒါနဆေးရုံများသို့ ကျိုင်းတုံးဒေသအပြီးမှာ ဆက်လက် ထွက်ခွါကြမည်။

၄။ နီပေါလ်နိုင်ငံ “မြတ်ဗုဒ္ဓဖွားမြင်ရာ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေး” နိုင်ငံတကာ အစည်းအဝေးကို ၂၀၁၄ နိုဝင်ဘာ ၁၅-၁၆-၁၇-၁၈ ရက်များတွင် ကျင်းပမည်ဖြစ်သည်။ ထိုအစည်းအဝေးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် နီပေါလ်နိုင်ငံ ထေရဝါဒ တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည်။ မြန်မာပြည်မှ သီတဂူသာသနာပြုအဖွဲ့ ဒကာဒကာမများက ထောက်ပံ့ကြသည်။ ထိုခရီးစဉ်ကို လိုက်ပါမည့် အစီအစဉ်များကိုလည်း ထည့်သွင်းပြောကြားသည်။

၅။ စစ်ကိုင်းမြို့ ထူပါရုံစေတီတော်ကြီး ထီးတော်၊ ငှက်မျက်နားတော်၊ စိန်ဖူးတော်တင်လှူပွဲနှင့် သံဃာတစ်ထောင် ဘုရားအနေကဇာတင်ပွဲနှင့် စစ်ကိုင်းမြို့တည် နှစ် (၇၀ဝ)ပြည့်ပွဲကို ၂၀၁၅ နိုဝင်ဘာလလောက်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ ထိုအထွက် သီတဂူသာသနာပြုအဖွဲ့က ပင်မ အလှူဖြစ် တာဝန်ယူထားသည်။

အစီအစဉ် (၅)ရက် ပင်မထားပြီး သီတဂူအပြည်ပြည်ဆိုင်ရာ သာနာပြုအဖွဲ့၏ လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး သီတဂူအဓိဋ္ဌာန်ဖြင့် အခမ်းအနားကို ရုတ်သိမ်းသည်။

အစီအစဉ်များအပြီး သီတဂူသာသနာပြုအဖွဲ့ဝင် အလုပ်မှုဆောင်အဖြစ် ဒေါက်စဂျေလွင်ကို ခန့်အပ်ပြီး ဆရာတော်ကြီးကိုယ်တိုင် သီတဂူသာသနာပြုအဖွဲ့တံဆိပ်ကို ပေးအပ်သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့

 

ec-001ec-002ec-003ec-004ec-005ec-006

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 72 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈