Gazette

ကမ္ဘာ့အကြီးဆုံး မွေးနေ့ပွဲကြီး

၁၃-၃-၂၀၁၄ ကနေစပြီး ၁၄-၁၅ ရက်နေ့များအထိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတွင် လူ ထောင်ပေါင်းများစွာ ၀င်ထွက်လျက်ရှိသည်။ နေ့စဉ် ထိုတက္ကသိုလ်အတွင်းမှာ ပြည်တွင်း ပြည်ပ ရပမှ ညအိပ်အဖြစ် လာရောက်နေသူများမှာလည်း ၁၅၀၀ ကျော် ၂၀၀၀ ခန့်ရှိနေသည်။ ညအိပ်သူရော ညမအိပ်ဘဲ ၀င်ထွက်နေသူရော ၄၀၀၀ (လေးထောင်) ကျော်ရှိနိုင်သည်။

 

 ထိုထောင်ပေါင်းများစွာသော သူတွေကို နေ့စဉ် တစ်နေ့တစ်မျိုး မရိုးရအောင် မနက်၊ နေ့လည်၊ ညနေစာတို့ဖြင့် ကျွေးမွေးနေသည်မှာလည်း ဝေဿန္တရာမင်းကြီး၏ ထမင်းရည် ချောင်းတိုက် စတုဒိသာအလှူကြီး၊ ကောသလမင်းကြီး၏ ထမင်းရည် ချောင်းစီး အသဒိသဒါနကြီးများ အလား ထင်ရပေသည်။

 

သီတဂူဆိုတဲ့အသံ ကြားတာနဲ့ လှူဖို့ ပေးဖို့ အရန်သင့် ဖြစ်နေကြသည့် သီတဂူချစ်ခင် သာသနာမာမကတွေကလည်း နေရာတိုင်း ဒေသတိုင်းမှာ ရှိနေသည်။ ထို ထောင်ပေါင်းများစွာသော သီတဂူတပည့်များအတွက် တစ်နေ့ မနက်စာ၊ နေ့စာ၊ ညစာများအပြင် လှူလို့ ရသည့်နေရာမှ လှူကြမည်ဟူသော တပည့် ဒကာ ဒကာမတွေကလည်း ရွှေတောင်ခေါက်ဆွဲ၊ ဒံပေါက်၊ ခိုတောင်မုံ့တီ၊ မြန်မာ့ ကျေးလက်ဒေသ အစားအစာများ၊ ဘူးသီးကြော်၊ မုံ့ပြားသလပ်၊ မုန့်ပေါင်း၊ လက်ဖက်သုပ်၊ စတဲ့ အမျိုးစုံတို့ဖြင့် လာသမျှပရိသတ်တွေကို ကျွေးမွေးနေကြသည်မှာလည်း ကြက်သီးမွှေးပင် ထမိသည်။

 

၁၄-၃-၂၀၁၄ ရက်နေ့ (တပေါင်းလဆန်း-၁၄) မနက်စောစောမှာ သီလရှင် တစ်ထောင်ကျော်၊ တပေါင်းလပြည့်နေ့ညမှာတော့ သံဃာတော် အပါးတစ်ထောင်ကျော်တို့အား ၀တ်စရာ၊ စားစရာ၊ ကျောင်းသုံးအဆောင်၊ ဆေးပစ္စည်းများ အပြင် လိုတရ သုံးနိုင်ရန် န၀ကမ္မ ၀တ္ထုကျပ်ငွေများကို လောင်းလှူပူဇော်ကြီးကလည်း ကမ္ဘာ့အကြီးဆုံး မွေးနေ့ပွဲ အလှူကြီးဖြစ်သည်။ တစ်းပါးလျှင် ပလပ်စတစ် ဆာလာအိပ်ကြီး လေးလုံစာ လောင်းလှူကြသဖြင့် ရဟန်းအပါးတိုင်း၏ နောက်မှာ လူလေးယောက်လောက်က ကပ္ပိယအဖြစ်လိုက်ပေးကြရသည်၊ မွေးနေ့ပွဲကို အာမိသဒါနဖြင့် ပူဇော်ဇော်ကြသည့် အလှူရှင်များအပြင် ထောင့်စေ့ နေရာစေ့အောင် ပြုလုပ်နိုင်ကြသည့် လုပ်အားဒါနဖြင့် ကုသိုလ်ပြုကြသော အနယ်နယ်အရပ်ရပ်မှ သီတဂူအထောက်ကူပြုအဖွဲ့များကလည်း ပြေးလွှားလှုပ်ရှားနေကြသည်။

 

ဤပူဇော်ပွဲကြီးကား သီတဂူဆရာတော်ကြီး၏ ၇၇ နှစ်ပြည့် မွေးနေ့ပွဲကြီး ဖြစ်သည်။

 

ပေ-တစ်ထောင် ပေ-ကိုးရာ ကျယ်၀န်းသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း ၀န်းကြီးထဲမှာ အလှူပေး အလှူခံတို့ဖြင့် ပြည့်လျှံထွက်၊ ညံထွက်နေသည်။ တစ်နှစ်ထက် တစ်နှစ် ဤမွေးနေ့ပူဇော်ပွဲ အလှူကြီးကား ကြီးကျယ်သထက် ကြီးကျယ်လာနေသည်၊ ကျယ်သထက် ကျယ်လာသည့်အတွက် နောင်နှစ်များအတွက် ဤမျှလောက်ကျယ်၀န်းသော နေရာသည်ပင် အခက်အခဲ ရှိလာနိုင်ဖွယ်ရှိသည်။ ယခုနှစ်မှာပင် နေစရာ အခက်ခဲကြောင့် လူပေါင်း ၃၀၀ ကျော်လောက်ကို နီးစပ်ရာနေရာတွေမှာ နေရာပေးကြရသည်။

 

ဤမျှလောက်ကြီးကျယ်သော မွေးနေ့ပူဇော်ပွဲမျိုး မတွေ့ဖူး၊ မမြင်ဖူး၊ မကြားဖူး၊ ကမ္ဘာ့အကြီးဆုံးမွေးနေ့ ပူဇော်ပွဲကြီးဟု ဆိုရမလောက်ဖြစ်သည်။ ထိုကမ္ဘာ့အကြီးဆုံးမွေးနေ့ ပူဇော်ပွဲကြီးမျိုးကို ဘုန်းကံရှိသူတို့သာ ပြုလုပ်နိုင်ပါသည်။ “အလုပ်ဟူသည် ဘုန်းကံ၊ ကုသိုလ်ကံဟူသည် ဘုန်းကံ”ဆိုသည့်အတိုင်း သီတဂူဆရာတော်ကြီးသည် အလွန့်အလွန်ကို အလုပ်လုပ်သည့် ဆရာတော်ကြီးဖြစ်သည်။ ထို့ကြောင့် ဘုန်းကံကြီးမားသော ဆရာတော်ကြီးဖြစ်ပါတော့သည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

 

77-birthday-00177-birthday-00277-birthday-00377-birthday-00477-birthday-00577-birthday-006

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 66 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈