Gazette

သီတဂူ ကရုဏာမေတ္တာ ၁၀-၁-၂၀၁၂

ဒီနေ့ (၁၀) ရက်မြောက်နေ့ဖြစ်သည်။ ဒီမနက်မှာ ဆရာတော်ကြီးသည် ဟုမ္မလင်း မြို့ ကုတင် ၁၀၀ ဆေးရုံ ကြီးတွင် သီတဂူ ဘယ်လဂျီယံ ဆရာ၀န် များနှင့် တွေ့ဆုံကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား တစ်ဦးလျှင် ၁၀၀၀၀ိ/ (တစ်သောင်း)ကျပ်စီ လှူဒါန်း ခဲ့ပါသည်။


ထိုနေ့က ဟုမ္မလင်း၊ နားနှုံးကျေးရွာ ပရဟိတအောင်ချမ်းသာ ဘုန်းတော်ကြီးကျောင်းအတွက် သီတဂူ အထောက်အကူပြုအဖွဲ့မှ ကျပ် သိန်း (၂၀) လှူဒါန်း ကုသိုလ်ပြုသသည်။


အပြစ်ကင်းသော ကလေးတို့ဘ၀

ကလေးတွေရဲ့သဘောသဘာ၀ကိုက အပြစ်ကင်းစင် ဖြူစင်သည်၊ သူတို့အပြုံး၊ သူတို့လှုပ်ရှားမှုတို့သည် အပြစ်ကင်းစင်လှသည်။

သူတို့သည် သစ်ပင်တစ်ပင်မှ တစ်ပင် ကူးသန်းနေကြတဲ့ ငှက်ကလေးတွေနှင့်တူသည်၊ ရေထဲမှာ ပြေသွား စော့ကစားနေကြတဲ့တဲ့ ငါးကလေးတွေနဲ့လည်းတူသည်။ ဘယ်အရာကိုမှ တွယ်တာမှုမထား လွတ်လပ်ပေါ့ပါးစွာ ပြေးလွားနေကြသည်။ တစ်ခါတရံ သီချင်းဆိုမယ်၊ တစ်ခါတရံ အော်ငိုမယ်။ သူတို့၏ ပျော်ရွှင်မှုသည် ဖြူစင်သည်၊ အပြစ်အနာဆာ မရှိ ပကတိ ရိုးစင်းသည်။
အရွယ်ရောက်လာသော် သူတို့သည် မိဘသော်လည်ကောင်း၊ အဖိုးအဖွားသော်လည်ကောင်း၊ ဆွေမျိုးများသော်လည်းကောင်း၊ လူ့အဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်း၊ နိုင်ငံရေး ခေါင်းဆောင်သော်လည်းကောင်း တာ၀န်တစ်ခုခု ယူကြရလိမ့်မည်။ အနာဂတ် ခေါင်းဆောင်များအတွက် ကျွန်ုပ်တို့တစ်တွေ သူတို့ရဲ့ လိုအပ်ချက်တွေကို အခုကထဲက ဖြည့်ဆည်းပေးသင့်သည်။ ကျွန်ုပ်တို့၏ အထောက်ပံ့သည် သူတို့ဘ၀ တိုးတက်မြင့်မားလာမည်၊ နောင်တစ်ချိန် တိုင်းပြည်နှင့် လူမျိုး ဘာသာ၊ လောကကြီးအတွက် အသုံး၀င်သူများ ဖြစ်ပါလိမ့်မည်။

၁၀-၁-၂၀၁၂ မနက်စောစော သီတဂူဆရာတော်ကြီး၊ ဘယ်လ်ဂျီယံနိုင်ငံမှ နှုတ်ခမ်းကွဲ အခေါင်ကွဲအထူးကု အဖွဲ့၊ UK မှ သွားအထူးကု အဖွဲ့၊ စစ်ကိုင်း၊ ဟုမ္မလင်း သီတဂူဆေးရုံမှ ဆရာ ဆရာမများ၊ ၀န်ထမ်းများ စေတနာရှင်များ၊ လူနာများ၊ မိသားစုများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။


“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

10-1-2012-01 10-1-2012-02 10-1-2012-03 10-1-2012-04

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 31 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈