Gazette

သီတဂူအဓိပတိဆရာတော်ဘုရားကြီး Asia Buddhist Summit 2024 အစည်းအဝေးသို့တက်ရောက် (၅.၁၁.၂၀၂၄)၊ NewDelhi, India.

**********

ဗုဒ္ဓသာသနာတော်ကြီးကမ္ဘာ့အနှံ့ပြန့်ပွားစေရန်ရည်ရွယ်ကာ သက်တော်(၈၉)နှစ်အရွယ်ရှိပြီဖြစ်သော ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် Internatiional Buddhist Confederation ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အသောကဟိုတယ်တွင်ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 ကို ကြွရောက်ခဲ့ပါသည်။ အခမ်းအနားကို အိန္ဒိယနိုင်ငံ၏သမ္မတကြီးနှင့် နိုင်ငံပေါင်း(၃၀)မှ ဖိတ်ကြားထားသောဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များ လူပေါင်း(၁၀၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နံနက်(၈း၀၀)နာရီတွင် စတင်ခဲ့ပါသည်။ ထို့နောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ဘုရားပန်းကပ်ခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်၍ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် နံနက်(10:40)နာရီ မှ (10:45)အထိ (၅)မီနစ်စာ “Recognition of Pali as a Classical Indian Language” အကြောင်း မိန့်ခွန်ပြောကြားခဲ့ပါသည်။ ညနေ(4:00)နာရီအချိန်တွင် မိမိတို့တည်းခိုရာ ဟိုတယ်သို့ ပြန်ကြွခဲ့ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...

သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ...

20241107-01

20241107-01

20241107-01

20241107-01

20241107-01

20241107-01

20241107-01

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈