**********
၂-၃-၂၀၂၂ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၌ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။
ဘီအေ ဘွဲ့ရပုဂ္ဂိုလ် ၂၂၁ ဦးကို အခမ်းအနားချိန် ၁ နာရီအတွင်း ပြီးစီး အောင်မြင်ခဲ့ပါတယ်။
ခေတ်အခြေအနေအရ အကြပ်အတည်းကာလမှာ အခမ်းအနားကို ကျဉ်းနိုင်သမျှကျဉ်းအောင် တိတ်ဆိတ်ငြိမ်သက်စွာ ကျင်းပပေမဲ့ ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှပါတယ်။ ကျေးဇူးတော် သီတဂူအဓိပတိ ဆရာတော်ကြီးကိုယ်တိုင် အစအဆုံး ဘွဲ့လက်မှတ်များကို ချီးမြင့်ပေးပါတယ်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ လည်း တက်ရောက် ချီးမြှောက်ပါတယ်။
ကျေးဇူးတင်ခြင်း
**********
ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပါဝင်ကြသည့် သင်္ကန်းအလှူရှင်၊ နဝကမ္မအလှူရှင်၊ ဆွမ်းအလှူရှင်၊ တံဆိပ်တုံးအလှူရှင်များနှင့် ဝေယျာဝစ္စ ပါဝင်ကုသိုလ်ပြုကြသူအားလုံးတို့အား အထူးကျေးဇူးတင်ရှိပါသည်။
ဓာတ်ပုံ= သီတဂူတပည့်များ၏ ဖေ့ဘုတ်အကောင့်များမှ
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
We have 2 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈