**********
မြန်မာနိုင်ငံအတွင်း၌ ဒေသစာရီကြွ ဆင်းတုတော်များကို ထုလုပ်သည့် အစဉ်အလာ အလွန်နည်းပါသည်။ ရပ်တော်မူ ဆင်းတုတော်များကိုသာ ထုလုပ်လေ့ရှိပါသည်။
ပုဂံအာနန္ဒာ စေတီတော်အတွင်းက ဆင်းတုတော် ၄ - ဆူမှာ ရပ်တော်မူ ဆင်းတုတော်များ ဖြစ်ပါသည်။ အခြားအခြားသော နေရာများ၌လည်း ရပ်တော်မူ ဆင်းတုတော်များကိုသာ ထုလုပ်ပူဇော်လေ့ရှိသည်ကို တွေ့ရပါသည်။
ယခု စစ်ကိုင်း သီတဂူ သံဃသန္နိပါတ လေးထပ်ကျောင်းတော်ကြီး၏ မျက်နှာစာ ပလ္လင်တော်ပေါ်၌ လည်းကောင်း၊ ရုရှားနိုင်ငံ မော်စကိုမြို့အနီး အတနာမီ ယဉ်ကျေးမှု့ မြို့တော်၌ လည်းကောင်း ထုလုပ်သော ဆင်းတုတော်မှာ ဒေသစာရီ ကြွချီတော်မူဟန် ဆင်းတုတော်ဖြစ်ပါသည်။ ပေ ၂၀ အမြင့်ရှိသော ဆင်းတုတော်ဖြစ်ပါသည်။ မျက်နှာတော်နှင့် သင်္ကန်းတော် အသွင်အပြင်မှာ ပုဂံခေတ် ဟန်ကို ယူထားပါသည်။ လက်တော်မှာ အဘယမုဒြာ (ဘေးရန်ကို ကာကွယ်ခြင်း )အဓိပ္ပါယ် ပုံဖေါ်ထားပါသည်။ မုဒြာအနေနှင့်ဆိုရလျှင် စင်္ကမန မုဒြာ ဖြစ်ပါသည်။
မြတ်စွာဘုရားသည် ၄၅-နှစ် ကာလပတ်လုံး ပွင့်တော်မူသည်မှစ၍ ပရိနိဗ္ဗာန် စံတော်မူသည်အထိ မရပ်မနား ခရီးဒေသစာရီ ကြွချီတော်မူ၍ တရားဒေသနာ ဟောကြားတော်မူပါသည်။
စရထ ဘိက္ခေ၀ စာရိကံ၊ ဒေသေထ ဘိက္ခေ၀ ဓမ္မံ။
ဓာတ်ပုံ။ သီတဂူကျော်ဆန်းဝင်း
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့
We have 3 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈