Gazette

ကျေးဇူးရှင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ကြီး၏၂၀၂၁ ခုနှစ် နှစ်သစ်ကူး သြဝါဒ

Good Morning Every Body! သပ္ပုရိသာအပေါင်း သူတော်ကောင်းတို့--

၂၀၂၀ ဆိုတဲ့ နှစ်ဟောင်းတစ်ခုတော့ ကုန်သွားပြန်ပြီ၊ သေမည့်ဘက်သို့ နီးသွားပြန်ပြီ။၂၀၂၁ ခု နှစ်၊ သစ်ကူး နှစ်ဦးမှာ စကားလက်ဆောင် အထူးဂရု ပြောလိုပါတယ်။

ဘဝဆိုတာ ပင်လယ်နှင့်တူတယ်။ ဘဝပင်လယ်ကို ဘယ်လို ကူးကြမလဲ။

ဘဝဆိုတာ ကျယ်ပြန့်တယ်၊ နက်ရှိုင်းတယ်၊ မုန်တိုင်းလည်း ထန်တယ်၊ လှိုင်းတံပိုးလည်း ထူတယ်၊ ဝဲစုပ်၍လည်း မြုပ်တတ်တယ်၊ အကူးခက်တယ်။ ဒါကြောင့် ဘဝဟာ ပင်လယ်နှင့်တူတယ်လို့ ပြောတာပါ။

ရပ်နေလျှင်လည်း မြုပ်ချင် မြုပ်သွားနိုင်တယ်၊ မမြုပ်လျှင်လည်း မျှောသွားနိုင်တယ်။ ကူးနေလို့ မကူးတတ်ပြန်လျှင်လည်း ကူးနေရင်းလည်း မြုပ်သွားနိုင်တယ်၊ မျှောလျှင်လည်း မျှောသွားနိုင်တယ်။

တရားချစ်ခင် သူတော်စင်အပေါင်းတို့--

ဟိုဘက်ကမ်းရောက်လိုလျှင်တော့ ကူးခပ်နေကြရမှာပဲ။ ဒါပေမဲ့ ကူးခပ်နည်းမှန်ကို သိဖို့လိုတယ်။ ကူးခပ်နည်း တတ်မြောက်ဖို့လိုတယ်။

ရဲရင့်သော သတ္တိ၊ ခိုင်မာသော ယုံကြည်ချက်၊ ပြင်းထန်သော ဇွဲလုံ့လ၊ ထက်မြတ်သော ပညာတို့ဖြင့် ငါး လိပ် မကန်းတို့ဖြင့် ဘေးအန္တရာယ်ပြွမ်းသော ဘဝပင်လယ်ခရီးကြမ်းကို ကူးသန်းကြရာ၌ တစ်ခုတည်းသော နည်းစနစ်မှာ အလွန်ရှေးကျသော မရိုးနိုင်သော စနစ်ဟောင်း နည်းဟောင်းရှိပါတယ်။ အဲဒါကတော့ ရှစ်အင်္ဂါရှိတဲ့ မဂ္ဂင်၊ Eight Fold Noble Path ဖြစ်ပါတယ်။ အတိတ်က အရိယာတွေ ဒီ မဂ္ဂင်ဖောင်ကို စီး၍ ကူးမြှောက်တော်မူကြကုန်ပြီ။ အနာဂတ်၌ ပေါ်ပေါက်လာကြမည့် သူတော်ကောင်းများလည်း ဤမဂ္ဂင်ရှစ်ပါးဖြင့် ဘဝပင်လယ်ကို ဟိုဘက်ကမ်းရောက် ကူးမြှောက်တော် မူကြပါလိမ့်ဦးမည်။ ကျွနု်ပ်တို့၏ မျက်မှောက်ကမ္ဘာမှာလည်း အရိယာသူတော်ကောင်းတွေ ဤတစ်ခုတည်းသော လမ်း-ဧကာယန။ မွန်မြတ်သော လမ်း- Noble Path ဆိုတဲ့စနစ်ဖြင့် ဘဝပင်လယ်ကို ကူးဖြတ်နေကြပါပြီ။

အို သူတော်ကောင်းတို့--

လာရောက်ကြကုန်လော။ ကူးခပ်ကြကုန်လော။ နည်းစနစ်တွေ ရှိနေပါတယ်။

နက်ရှိုင်းသော၊ ကျယ်ပြန့်သော၊ လှိုင်းတံပိုးထူသော၊ မုန်တိုင်းထန်သော၊ ဘေးရန်များသော ဘဝပင်လယ်ကို ဖြတ်ကျော်နိုင်သော နည်းစနစ် Technique သို့မဟုတ် Ology မှာ တစ်ခုတည်းသာ ရှိပါတယ်၊ မဂ္ဂင်ရှစ်ပါးတည်းဟူသော တစ်ခုတည်းသော ရှေးဟောင်းနည်းဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ရေကူးနည်းပဲ ဖြစ်ပါတယ်။ The most important is swimmology. This is the Eight fold noble path.မဂ္ဂင်ရှစ်တန် အကျင့်မှန်ဖြင့် ဘဝပင်လယ်ကို ကူးဖြတ်နိုင်ကြပါစေကုန်သတည်း။

သီတဂူစန်းလပမာ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိတော်မူကြပါစေ။

သီတဂူဆရာတော်

ဒေါက်တာအရှင်ဉာဏိဿရ

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့်သီတဂူဆေးရုံတော်များ၏ အဓိပတိ။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

20210105-01 20210105-02

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈