၂၈-၁၂-၂၀၂၀ နေ့ မနက်ပိုင်း၊ ကျေးဇူးရှင် သီတဂူဆရာတော်ကြီးသည် မုံရွာမြို့၊ သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္ကသိုလ် အတွင်းက ၁။ အဓိပတိကျောင်းဆောင် ၂။ အုပ်ချုပ်ရေးကျောင်းဆောင်နှင့် ၃။ သံဃာတော်များ ကျောင်းဆောင် နှစ်ဆောင်တို့ကို ပန္နက်တင် အခမ်းအနား ပြုလုပ်ပေးပါသည်။
ထိုအခမ်းအနားသို့ သီတဂူဝန်ဆောင်သံဃာ့အဖွဲ့ ဥက္ကဋ္ဌ ဦးကောဝိဒ၊ ဦးသုန္ဒရ (အတွင်းရေးမှူး ၁)၊ ဦးသေဋ္ဌိလ (အတွင်းရေးမှူး ၂)နှင့် စာချကထိကဆရာတော်များ။
စစ်ကိုင်းတိုင်း တိုင်းမှူး၊ စစ်ကိုင်းတိုင်း လူဝန်မှုကြည့်ကြပ်ရေးဦးစီးဌာန ဝန်ကြီး ဦးစိုးမိုးသူ၊ စည်ပင်သာယာရေးဦးစီးဌာန ဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းအစိုးရအဖွဲအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ နယ်လုံဝန်ကြီး (ဗိုလ်မှူးကြီး) ဦးဝင်တင်စိုး၊ တိုင်းသာသနာရေးဦးစီးဌာန ဦးမျိုးဝင်းအောင်၊ ဦးအောင်စိုး (ပြည်သူ့လွတ်တော်ကိုယ်စားလှယ် (ယင်းမာပင်မြို့နယ်)။
စစ်ဘက်ဆိုင်ရာမှ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် ဇနီး ဒေါ်ပန်းအိဖြူသာအောင်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် ဇနီး ဒေါ်ယမင်းငြိမ်း၊ မုံရွာတပ်နယ်မှူး ဗိုလ်မှူးကြီး မင်းစိုးဦးနှင့် ဇနီး ဒေါ်ရွှေစင်ဦး။ အလှူရှင်များနှင့် သီတဂူကပ္ပိယကာရများဖြစ်ကြသော ဦးအောင်သောင်း (အတွင်းရေးမှူး ၁)၊ တမ္ပဝတီ ဦးဝင်းမောင် (ဗိသုကာပညာရှင်)၊ ဦးစောထွေးဇော် (အင်ဂျင်နီယာ)၊ ဦးကျော်မိုးနိုင် (အတွင်းရေးမှူ ၃)၊ ဦးရန်နိုင်၊ ဦးစိုးဝင်း၊ ဦးချိုဇော်မင်း (အင်ဂျင်နီယာ)၊ ဦးကျော်ရှိန် (ရန်ကုန်ရုံး)တို့ တက်ရောက်ကြသည်။
ဓာတ်ပုံ= သီတဂူကျော်ဆန်းဝင်း၊ ဗီဒီယို သီတဂူထိန်လင်းဦး၊ အသံ ဦးချိုလေး (နွေငြိမ်း)။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့
We have 4 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈