Gazette

သီတဂူဆရာတော် သီတဂူဝန်ဆောင်သံဃာ့အဖွဲ့ (၂၀၂၀)အား သြဝါဒပေး

နေ့။ ။ ၇-၁၂-၂၀၂၀ နေ့လည် ၃ နာရီအချိန်

နေရာ။ ။ သံဝေဇနိယဓမ္မဗိမာန်တော်၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ၊ စစ်ကိုင်း။

 

သီတဂူဆရာတော်ကြီး သြဝါဒ

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် သီတဂူတပည့်ကြီး (၁၇)တို့ဖြင့် ဖွ့ဲအပ်သော သီတဂူဘာရနိတ္ထာရကသံဃ (၂၀၂၀) အား သြဝါဒများချီးမြှင့်ခြင်း၊ သီတဂူသာသနာပြုလုပ်ငန်းကြီးများကို တာဝန်ပေးခြင်း၊ လမ်းညွှန်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

သီတလံ ဂုဏံ ယဿ အတ္ထီတိ သီတဂူ။

ယဿ- အကြင်သီတဂူ တပည့်အပေါင်းသည်၊ သီတလံ ဂုဏံ- အေးချမ်းတဲ့ ဂုဏ်သည်၊ အတ္ထိ-ရှိ၏။ ဣတိ (တသ္မာ) ထို့ကြောင့်၊ သီတဂူ- သီတဂူ မည်ပါပေ၏။ အေးချမ်းတဲ့ ဂုဏ်သတ္တိရှိသောကြောင့် သီတဂူမည်သည်။ လ- လို့ အဓိပ္ပါယ်ရပါသည်။

ရေအတိတ်၊ လနိမိတ်ယူသည်၊

မြသပိတ်အတူ အိုင်ကြီးသို့လေး--။ ဟု ဆရာကြီး ဦးဆန်းထွန်းက ရေးဖွဲ့ခဲ့သည်။

သီတဂူဝန်ဆောင်သံဃာတော်များ၊ တပည့်များ၊ သီတဂူကပ္ပိယကာရများ၊ သီတဂူကို ကြည်ဖြူကြသူများ လုပ်နေတဲ့ လုပ်ငန်းတွေသည် အေးချမ်းသော ဂုဏ်သတ္တိနှင့်ပြည့်စုံသော နိဗ္ဗာန်ကို ရည်မှန်းပြီး ပြုလုပ်ဆောင်ရွက်နေကြခြင်းမည်သည်။

တပည့်တွေ အားလုံးမှတ်ထားကြပါ၊ ဘဝကောင်းတစ်ခုဆိုတာ ကောင်းမှုနှင့် တည်ဆောက်မှ ရတယ်။ ကောင်းမှုတွေပြုလုပ်နေမှ ဘဝက ကောင်းသထက်ကောင်းလာတယ်။ မကောင်းမှုတွေကို ပြုနေရင် ရထားတဲ့ ဘဝကောင်းက ပျက်စီးသွားမယ်။ သဒ္ဓမ္မသုံးဖြာ သာသနာတော်နှင့် ကြုံတွေ့နေတဲ့ ဘဝမှာ သိက္ခာသုံးပါး အကျင်းတရားကို ကောင်းကောင်းကျင့်နိုင်ရမယ်။ အဲဒီလို ကျင့်နိုင်မှလည်း ဒီထက်ကောင်းတဲ့ ဘဝကို ရကြလိမ့်မယ်။

သစ်ပင်တိုင်းဟာ အသီးသီးပေမဲ့ အသီးတိုင်းက စားမရဘူး၊ တချို့အသီးတွေက အဆိပ်ဖြစ်စေတယ်။ အသီးနဲနဲကပဲ အာဟာရဖြစ်စေတယ်။ ဗာကုလသုတ်မှာ ပန်းအနံ့တွေ ကျောင်းထဲဝင်လာလို့ ရဟန်းတော်တွေ အဆိပ်သင့်တာ ရှိတယ်။

မြေကြီးတိုင်းက ရေထွက်မယ်၊ ထွက်သမျှ ရေတိုင်းက သောက်မရဘူး။

လူလောကမှာ လူသားတွေအများကြီး မွေးဖွားလာပေမဲ့ လူတိုင်းကတော့ လောကကြီးကို ကောင်းကျိုးမပြုဘူး၊ သာသနာမှာ ကျေးဇူးပြုနိုင်တဲ့သူ လူတိုင်း မရနိုင်ဘူး၊ ကောင်းကျိုးပြုနိုင်တဲ့ လူအနဲစုထဲမျာ ငါတို့တစ်တွေ ပါနိုင်အောင် ကြိုးစားကြရမယ်ဟု အမိန့်ရှိပါသည်။ ဆရာတော်၏ နဝကမ္မဖြင့် ပညာသင်ဆုတွေပေးပြီး ပြည်ပတက္ကသိုလ်တွေမှာ ပညာသင်လွတ်၊ အမ်အေဘွဲ့၊ ပီအိပ်ချ်ဒီဘွဲ့တွေ ရပြီးကာမှ လူထွက်သွားကြသော ရဟန်းတော်များ စာရင်းကို ဖတ်ကြားလျှောက်ထားရင်း မိန့်သော စကားဖြစ်ပါသည်။

သိရီ-ကျက်သရေ

လူသားတွေဟာ ရှေးကုသိုလ်လည်း ရှိရမယ်၊ သီလရယ်၊ ပညာရယ်၊ သူတော်ကောင်း စိတ်ရယ် ရှိနေမှ သူတော်ကောင်းတစ်ယောက် ဖြစ်မယ်၊ သိရီ-ကျက်သရေရှိသော လူသားတစ်ယောက် ဖြစ်မယ်။ သိရီတိ သီလပုညာနံ အဓိဝစနံ- ရှေးကောင်းမှုရယ်၊ သပ္ပုရိသ-သူတော်ကောင်းစိတ်ရယ်၊ သီလဝန္တရယ်၊ ပညာရယ် ဒီလေးမျိုုးပြည့်စုံလျှင် သိရီဟု ဆိုသည်။

သူတော်ကောင်းဆိုတာ မိမိလုပ်နေတဲ့ လုပ်ငန်းကိစ္စတိုင်းမှာ ခြင်္သေ့လို ရဲရင့်လုပ်ကြရမယ်၊ နွားလို သည်းခံပြီး လုပ်ကြရမယ်၊ ဆင်လို အားနဲ့အင်နဲ့ လုပ်ကြရမယ်၊ မြင်းလို မြန်မြန်ဆန်ဆန် လုပ်ရကြရမယ်။ ရှေးကုသိုလ်လည်းရှိ၊ သီလလည်းရှိ၊ ပညာလည်းရှိ၊ သူတော်ကောင်းစိတ်လည်း ရှိကြပြီး ခြင်္သေ့၊ မြင်း၊ နွား၊ ဆင်တို့လို လုပ်နိုင်ကြရင် လောကကြီးအတွက် ကောင်းကျိုးပြုတဲ့သူတွေ ဖြစ်ပါပြီ။ အဲဒီလို ဖြစ်အောင် ကြိုးစားကြပါ။

ပန်းတိုင်းလည်း ပွင့်ကြပါစေ၊

ပွင့်တဲ့ပန်းတိုင်းလည်း မွှေးကြပါစေဟု ဆုတောင်းပေးပြီး သီတဂူအဓိဋ္ဌာန်ဖြင့် သီတဂူဘာရနိတ္ထာရကသံဃအဖွဲ့ အစည်းဝေးနှင့် သြဝါဒစကား နိဂုံးချုပ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

20201214-0120201214-02

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 8 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈