Gazette

သီတဂူ၏ (ကိုဗစ်ကပ်ရောဂါ ကာလအတွင်း) ၁၀-လအတွင်း ဆန် - ၅၇,၀၇၆တင်း၊ မြေပဲဆီ - ၄၉,၁၁၀ ပိသာ လှူဒါန်းခဲ့ခြင်း

သီတဂူဆရာတော်ကြီးဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် ၂၀၁၉ ဒီဇင်ဘာလမှ စတင်၍ ၂၀၂၀ စက်တင်ဘာလ အထိ ၁၀ လတာအတွင်း အောက်ဖေါ်ပြပါနေရာများသို့ ဆန်၊ ဆီများကို လှူဒါန်းပေးခဲ့ပါသည်။

 

ကျန်းမာရေးအထောက်ကူပြု PPE ဝတ်စုံ၊ မျက်မှန် မျက်ကာ ပါးစပ်နှာခေါင်း အကာတို့ကို စစ်ကိုင်းတိုင်း အစိုး ရအဖွဲ့၊ ရန်ကုန် နာရေးကူညီမှုအသင်းအား လှူဒါန်းသည်။
ထို့ပြင် ကိုဗစ်၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် ကူညီစောင့်ရှောက်ရေးအဖွီဲ့အား ၉၅ သိန်းဖိုး အထောက်ကူပြုပစ္စည်းများကိုလည်းကောင်း လှူဒါန်းခဲ့သည်။

၁။ုမူစလင် သက်ကြီးဂေဟာအဖိုးရိပ။်သာ (၃၃-ဦး) ရန်ကုန်မြို့ သို့ - ၁၀၀ အိတ်။
.
၂။ မူစလင် အဖွားများသုခရိပ်သာ (၄၃-ဦး) ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
.
၃။ ကက်သလစ်သီလရှင်များတည်ထောင်သော ဘိုးဘွားရိပ်သာ (၁၉၅-ဦး) ရန်ကုန်မြို့သို့ - ၁၀၀အိတ်။
.
၄။ ဟိန္ဒူလုမ္ဗနီဘိုးဘွားရိပ်သာ (ထမလုံ) (၅၅-ဦး) သံလျှင်မြို့သို့ - ၁၀၀ အိတ်။
.
၅။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
.
၆။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀၀ အိတ်။
.
၇။ သဘာဝတရားရိပ်သာ၊ (၂၈၃၀-ဦး) သံလျှင်မြို့ သို့ - ၁၀၀၀ အိတ်။
.
၈။ မေရီချပ်မင်းဆွံ့အနားမကြားကျောင်း၊ ရန်ကုန်မြို့သို့ -၂၅၀ အိတ်။
.
၉။ အင်းစိန်-ခဝဲခြံမျက်မမြင်ကျောင်း၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
.
၁၀။ ဦးလှထွန်း ကင်ဆာဖေါင်ဒေးရှင်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
.
၁၁။ မြင်သာမြို့ဦး ပရဟိတအထက်တန်းကျောင်း၊ (၁၈၆၀-ဦး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ သို့ - ၄၅၀ အိတ်။
.
၁၂။ ရွှေမင်းသား မသန်မစွမ်းစောင့်ရှောက်ရေးဖေါင်ဒေးရှင်း၊ ရန်ကုန်မြို့သို့ (ပ) ၁၀၀အိတ်+(ဒု)၂၀၀အိတ် = ၃၀၀ အိတ်။
.
၁၃။ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ တိုက်ပွဲရှောင်မိသားစုများသို့ - ၁၀၀၀ အိတ်။
.
၁၄။ ချင်းပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ချင်းအစိုးရအဖွဲ့မှ တဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ်။
.
၁၅။ ရခိုင်ပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ရခိုင်အစိုးရအဖွဲ့မှတဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ် (သီတဂူဆရာတော် ကိုယ်တိုင် ကြွရောက်လှူဒါန်းခြင်း)။
.
အထက်ပါ (၁၅) နေရာများသို့လည်း ဆန် - ၆,၇၀၀ အိတ်ကို ပေးပို့ လှူဒါန်းခဲ့ပါသည်။
-
၁၆။ ဘိရှော့ မာကိုတင်ဝင်း မန္တလေးမြို့ ခရိယာန်ချပ်ရှ်ကျောင်းသို့ ၁၆-၄-၂၀၂၀ ရက်နေ့တွင် ဆန်အိတ်-၁၀၀၊ ဆီ-၁၀၀ ပိသာ။
.
၁၇။ စစ်ကိုင်း၊ မင်းကွန်းမှ ရဟန်း၊ သာမဏေ ၈,၁၀၀ ပါး။ စစ်ကိုင်း၊ မင်းကွန်းမှ သီလရှင် ၆,၀၀၀ ပါး။ စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားရိပ်သာများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာများ၊ မသန်မစွမ်းစောင့်ရှောက်ရေး ဂေဟာများ၊ မျက်မမြင်ကျောင်းများတွင် မှီတင်းနေထိုင်ကြသူများ ၂,၁၅၀ ဦး စုစုပေါင်း - ၁၆,၂၅၀ဦးတို့အတွက် ၁၇-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၁၆,၂၅၀ အိတ်၊ ဆီ-၁၆,၂၅၀ ပိသာ ပေးပို့လှူဒါန်းခဲ့ပြီဖြစ်ပါသည်။
.
၁၈။ မန္တလေးမြို့-၆ မြို့နယ်အတွင်းမှ ပရဟိတကျောင်း ၇၅ ကျောင်းများရှိ သာမဏေ၊ သီလရှင်များ အစရှိသည့် အလှူခံပုဂ္ဂိုလ် ၄,၁၉၂ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ၃၀-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၈ပြည်၊ ဆီ-၅၀ကျပ်သား နှုန်းဖြင့် ဆန်-၂,၀၉၆ တင်း၊ ဆီ-၂,၀၉၆ ပိသာတို့ကိုလှူဒါန်းပေးခဲ့ပါသည်။
.
၁၉။ ရန်ကုန်တိုင်း ၂၉မြို့နယ်မှ သီလရှင် ၂၀၁၃၄ ပါးအတွက် ဆန်-၂၀၁၃၄ တင်း၊ ဆီ-၂၀၁၃၄ ပိသာ တို့ကို ၈-၆-၂၀၂၀ ရက်နေ့တွင်စတင်လှူဒါန်းပေးခဲ့သည်။
.
၂၀။ ရန်ကုန်တိုင်းအတွင်းမှ သံဃာတော်များသည့် စာသင်တိုက်ကြီး ၁၇ တိုက်တွင် သီတင်းသုံးကြသော သံဃာ-၄၁၅၄ ပါးအတွက် ဆန်-၄၄၁၅ တင်း၊ ဆီ-၄၁၅၄ ပိသာတို့ကို ၁၈-၇-၂၀၂၀ ရက်နေ့တွင် ပေးပို့လှူဒါန်း ခဲ့ပါသည်။
.
၂၁။ ရန်ကုန်တိုင်းအတွင်းမှ တိပိဋကဓရ တိပိဋကကောဝိဒ သုတဗုဒ္ဓဆရာတော်ဘုရားများ တည်ထောင်တော်မူသော ကျောင်းတိုက် ၁၃ တိုက်တွင် သီတင်းသုံးကြသည့်သံဃာ-၁၀၈၁ ပါးတို့အတွက် ဆွမ်းဆန်တော်-၁၁၀၆ တင်း၊ မြေပဲဆီသန့်-၁၀၈၁ ပိသာတို့ကို ၂၂-၇-၂၀၂၀ ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့ပါသည်။
.
၂၂။ ရန်ကုန်တိုင်းအတွင်းမှ သံဃာတော်များသည့် စာသင်တိုက် ၁၀တိုက်တွင် သီတင်းသုံးကြသော သံဃာ-၈၁၄ ပါးအတွက် ဆန်-၈၁၄ တင်း၊ ဆီ-၈၁၄ ပိသာတို့ကို ၂၄-၇-၂၀၂၀ ရက်နေ့တွင် ပေးပို့လှူဒါန်း ခဲ့ပါသည်။
.
၂၃။ ရန်ကုန်တိုင်းအတွင်းမှ သံဃာတော်များသည့် စာသင်တိုက် ၁၁တိုက်တွင် သီတင်းသုံးကြသော သံဃာ-၁၀၉၉ပါးအတွက် ဆန်-၁၀၉၉တင်း၊ ဆီ-၁၀၉၉ပိသာတို့ကို ၂၈-၇-၂၀၂၀ ရက်နေ့တွင် ပေးပို့လှူဒါန်း ခဲ့ပါသည်။
.
၂၄။ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်တွင် သီတင်းသုံးကြသည့် သံဃာတော် ၂၅၀၀ ပါးအတွက် ဆန်-၂၀၀၀ တင်း၊ ဆီ-၂၀၀၀ ပိသာတို့ကို ၂၉-၇-၂၀၂၀ ရက်နေ့တွင် ပေးပို့လှူဒါန်း ခဲ့ပါသည်။
.
၂၅။ အမရပူရမြို့၊ မဟာဂန္ဓာရုံစာသင်တိုက်ကြီးတွင် ၁၃၈၂ခုနှစ် ဝါဆို သီတင်းသုံးသည့် သံဃာ-၁၂၆၈ ပါးတို့အတွက် ဆွမ်းဆန်တော်-၁၀၀၀ တင်း၊ မြေပဲဆီသန့်-၁၀၀၀ ပိသာ တို့ကို ၁-၈-၂၀၂၀ ရက်နေ့တွင် ပေးပို့ လှူဒါန်းခဲ့ပါသည်။
.
၂၆။ မန္တလေးမြို့၊ အနီဃာသီလရှင်စာသင်တိုက် (၁၀၀) ပါး၊ ဆန်(၁၀၀) တင်း၊ ဆီ(၁၀၀) ပိဿာ၊ ၂၁-၆-၂၀၂၀ ရက်နေ့ (လာယူသည်)

၂၇။ မန္တလေးမြို့၊ ဉာဏစာရီသီလရှင်စာသင်တိုက် သီလရှင် (၃၀) ပါး၊ ဆန် (၃၀) တင်း၊ ဆီ (၃၀) ပိဿာ၊ ၂၁-၆-၂၀၂၀ ရက်နေ့ (လာယူသည်)
.
၂၈။ စစ်ကိုင်းမြို့၊ ထိန်ငူချောင် သီလရှင် စာသင်တိုက်၊ သီလရှင် အပါး(၅၀)၊ ဆန်တင်း(၅၀)၊ ဆီ (၅၀) ပိဿာ ၂၁-၆-၂၀၂၀ ရက်နေ့ (ပေးပို့သည်)
.
၂၉။ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၊ အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက် သံဃာ-၁၈၂ပါးအတွက် ဆန်-၁၈၂တင်း၊ ဆီ-၁၈၂ ပိသာတို့ကို ၂၄-၉-၂၀၂၀ ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့ပါသည်။
.
စုစုပေါင်းဆန် - ၅၇,၀၇၆တင်း၊
စုစုပေါင်းပဲဆီ - ၄၉,၁၁၀ ပိသာ၊
.
မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်ပြီး ဆီမှာ အမေထွားပဲဆီသန့် ဖြစ်ပါသည်။
.
သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုလှူဒါန်းပေးကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံး၊ အထူးအားဖြင့် မြတ်မေတ္တာမွန်ကုမ္ပဏီမိသားစု၊ ကွန်းခိုရာကုမ္ပဏီမိသားစုနှင့် အောင်ပြည့်စုံကုမ္ပဏီမိသားစုတို့ကို သီတဂူသာသနာပြုအဖွဲ့မှ ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
.
#အလှူတော်ဆုတောင်း
ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံနော ပုညမင်္ဂလံ ပုညဘာဂံ သုလဘန္တု။ ပမောဒန္တု သဒေဝကာ။

ဤကောင်းမှုများသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း။

ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။

#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု
.
#လှူဒါန်းမှုသတင်း (၆-လ)
https://www.facebook.com/373346706204380/posts/1418936754978698/
.
#လှူဒါန်းမှုသတင်း (၈-လ)
https://www.facebook.com/495974040594716/posts/1433683086823802/
-
#သီတဂူဆရာတော်သြဝါဒ
လူ့ဘဝတစ်ခဏတာမှာ...
၁။ သင်ဘာတွေထားခဲ့မလဲ?
၂။ သင်ဘာတွေယူသွားမလဲ?
.
Compassions into Action!!
.#သီတဂူ #sitagu #ဆန်အလှူတော်
#ရန်ကုန်တိုင်း #ကရုဏာအလှူတော်

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

သီတဂူသာသနာပြုအဖွဲ့
==========================
Posted by သီတဂူသတင်း

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈