Gazette

သီတဂူဆရာတော်ကြီး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ ကြွရောက် သြဝါဒပေး

မကွေး၊ ၂၀၂၀ စက်တင်ဘာလ ၁၀ ရက်

ယနေ့ နေ့လယ် (၁၁) နာရီတွင် မကွေးတိုင်းဒေသကြီး နယ်မြေအတွင်း ရောဂန္တရ ကပ်ဆိုးကြီး အန္တရာယ်မှ ကင်းဝေးစေရန်အတွက် လည်းကောင်း၊ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးနိုင်ရေး တာဝန်များကို ကြိုးစား ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများအား ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးစေရန်အတွက်လည်းကောင်း 

 

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ တွဲဖက် ရွှေကျင်သာသနာပိုင်၊ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အရှင်သူမြတ်သည် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ပတ္တမြား ဧည့်ရိပ်သာသို့ ကြွရောက်တော် မူလာခဲ့ပါသည်။

ဆရာတော် ဘုရားကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်နှင့် တပ်ဖွဲ့ဝင်/ မိသားစုများ၊ အကျဉ်ဦးစီးဌာန / မီးသတ်ဦးစီးဌာနနှင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနတို့မှ အရာရှိကြီးများ ပါဝင်သည့် တပည့် ဒါယိကာ/ ဒါယိကာမတို့အား ဆုံးမဩဝါဒစကား မြွတ်ကြား၍ မေတ္တာဓါတ်များ ပို့လွှတ်ခဲ့ကြောင်း၊ တပည့် ဒါယိကာ/ ဒါယိကာမတို့မှ သင်္ဃန်း ပရိက္ခရာ ဆက်ကပ် လှူဒါန်းခြင်း၊ ဝတ္တုငွေများ ဆက်ကပ် လှူဒါန်းခြင်း၊ သီတဂူ ရေ အလှူတော်အတွက် သီးခြား အလှူတော် ငွေကျပ် (၃၈) သိန်းကျပ်အား ဆက်ကပ် လှူဒါန်းခြင်း ကုသိုလ်များ ပြုခဲ့ကြပြီး ထိုကုသိုလ် အစုစုတို့အား အများပြည်သူတို့ ထပ်တူ ရကြပါစေရန် နိဗ္ဗာန် အကျိုးမျှော်၍ မေတ္တာဖြင့် မျှဝေလိုက်ရပါသည်။

#မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
မျှဝေပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

=======================

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

20200911-01

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈