ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၇-၈-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကန်ကြီးကျောင်းတိုက်သို့ ကြွရောက်တော်မူပါသည်။
သီတဂူဆရာတော်ကြီး၊ သီတဂူသံဃာ့ဝန်ဆောင်ဥက္ကဌဆရာတော် အရှင်ကောဝဒ၊ သီတဂူဆေးရုံတော်များ အုပ်ချုပ်ရေးမှူးဆရာတော် အရှင်သေဌိလတို့နှင့် အတူ မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်၊ မြန်မာမှုဗိသုကာ အင်ဂျင်နီယာ ကိုချိုဇော်မင်း (တမ္ပဝတီ) တို့ လိုက်ပါသွားကာ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက်တွင် ၁၃ ပါးမြောက် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ကြေးသွန်းရုပ်တုတော် တည်ထားပူဇော်ရန် နေရာသတ်မှတ် ပုံစံထုတ်တည်ဆောက်ရေးနှင့် သက်ဆိုင်သော လိုအပ်သည့် ကိစ္စအဝဝကို ဆောင်ရွက်ကြပါသည်။
.
#ဓါတ်ပုံမှတ်တမ်း ၁၁-၈-၂၀၂၀
.
#ရုပ်သံမှတ်တမ်း ၁၁-၈-၂၀၂၀
.
#သီတဂူ #sitagu #ရွှေကျင်သာသနာပိုင် #ကန်ကြီးကျောင်းတိုက် #ညောင်ရွှေမြို့ #ရှမ်းပြည်တောင်ပိုင်း
=======================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
သီတဂူသာသနာပြုအဖွဲ့
==========================
Posted by သီတဂူသတင်း
Photo - သီတဂူကျော်ဆန်းဝင်း
- သီတဂူထိန်လင်းဦး
We have 4 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈