ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁-၈-၂၀၂၀ ရက်နေ့၊ နံနက်ခင်းအချိန်တွင် မင်းကွန်းသို့ကြွရောက်ပြီး သီတဂူရေအလှူတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားတက်ရောက်ချီးမြှင့်ပေးပါသည်။
မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးများကို ဦးထိပ်ပန်ဆင်ကာ သီတဂူဆရာတော်ကြီးနှင့်ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရတို့ ဦးဆောင်၍ မင်းကွန်းဒေသတွင် ရေပေးဝေနိုင်ရန်အတွက် အောက်ပါအတိုင်း စီမံဆောင်ရွက်ခဲ့ကြသည်။
* ရေတင်စက်ရုံသစ်ကြီးတည်ဆောက်ခြင်းနှင့် ဂါလံ-၁သိန်းဆံ့ ရေကန်ကြီးအတွက် ဝေနေယျသုခ ရေချမ်းစဉ်အသင်းကြီးက လှူဒါန်းခြင်း၊
* သီတဂူသာသနာပြုအဖွဲ့ဝင် ဦးသန့်စင် (ဟန်စိန်သန့်ကုမ္ပဏီ) မှ ရေပေါ်ပန့်မြစ်ရေတင်စက်လှူဒါန်းခြင်း၊
* သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူး ဦးမောင်သောင်း (ရန်ကုန်ထရန်စဖေါ်မာ) မှ 315KVA ထရန်စဖေါ်မာ၊ ပါနယ်ဘုတ်၊ ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်း၊
* သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့က ရေပိုက်လိုင်းများ၊ CAT 350KVA မီးစက် လှူဒါန်းခြင်း၊ 50HP ၃လုံး၊ 60HP ၁လုံး၊ ရေတင်စက်မော်တာကြီးပေါင်း-၄ လုံးနှင့် ဆက်စပ် ပစ္စည်းများလှူဒါန်းခြင်း၊
* သီတဂူရေအလှူတော် (မင်းကွန်း) အတွက် ရေပဒေသာပင် ကျပ်ငွေ-သိန်းပေါင်းတစ်သောင်း မတည်လှူဒါန်းခြင်း။
ဆောင်ရွက်ကြသော ပေါင်းစုသည့် ကောင်းမှုကုသိုလ်မင်္ဂလာဖြစ်သည်။
စစ်ကိုင်းတောင်ရိုး သီတဂူရေအလှူတော်စီမံကိန်းကို ခရစ်နှစ် ၁၉၈၀ ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၄၂ ခုနှစ် ကဆုန်လပြည့်နေ့) မှ စတင်၍ လှူဒါန်းခဲ့ပါသည်။ ၂၀၂၀ ခုနှစ် မြန်မာသက္ကရာဇ် (၁၃၈၂ ခုနှစ် ကဆုန်လပြည့်နေ့) တွင် စစ်ကိုင်းတောင်နှင့် မင်းဝံတောင်တို့ကို ဧရာဝတီမြစ်ရေဖြင့် ရေပေးဝေဖြန့်ဖြူးခဲ့သည့် သီတဂူရေအလှူတော်သည် နှစ်-၄၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
"တောင်စစ်ကိုင်း-ချောင်တိုင်းဝေမယ်" ဟု လွန်ခဲ့သော နှစ်-၄၀ က ကြွေးကြော်၍ စတင်ခဲ့သော သီတဂူရေအလှူတော်သည် စစ်ကိုင်းတောင်ရိုးနှင့် ဆက်စပ်နေသော မင်းဝံတောင်ရိုးသာမက တိပိဋကဆရာတော်အများစု ပွင့်ထွန်းပေါ်တော်မူရာ မင်းကွန်းဒေသအထိ ကျယ်ပြန့်စွာလှူဒါန်းနိုင်တော့မည် ဖြစ်ပါသည်။
စစ်ကိုင်းတောင်နှင့်မင်းဝံတောင်ရိုးအတွက် သီတဂူဆရာတော်ကြီး နှစ်ပေါင်း-၄၀ ကြာဦးဆောင်၍ ဆောင်ရွက်နေတော်မူသည့် သီတဂူရေအလှူတော် ရေရှည်တည်တံ့နိုင်ရေး အနာဂတ်စီမံကိန်းနှင့် မင်းကွန်းဒေသရေအလှူတော်စီမံကိန်းအတွက် ပါဝင်လှူဒါန်းကြသည့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်အပေါင်းအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သီတဂူ သာသနာပြုအဖွဲ့က မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
.
#အလှူတော်ဆုတောင်း
ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံနော ပုညမင်္ဂလံ ပုညဘာဂံ သုလဘန္တု။ ပမောဒန္တု သဒေဝကာ။
ဤကောင်းမှုများသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း။
ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။
#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု
#စက်သစ်များစမ်းသပ် ၂၀-၇-၂၀၂၀
https://www.facebook.com/sitagulivedhamma/videos/202124151236631/
.
#ဓါတ်ပုံသတင်း ၂၀-၇-၂၀၂၀
https://www.facebook.com/373346706204380/posts/1442864799252560/
.
#ဓါတ်ပုံသတင်း ၁-၈-၂၀၂၀
https://www.facebook.com/373346706204380/posts/1452654041606969/
#ရုပ်သံမှတ်တမ်း ၁-၈-၂၀၂၀
https://www.facebook.com/sitagulivedhamma/videos/320329396016525/
——————————
#သီတဂူမော်ကွန်းသစ်
.
ဘိသိတ်တော်ဖျန်းဓလေ့
နန်းရဝေ့တန်ဆာ
စန်းအငွေ့လျှံအဝါငယ်
စံပမာဆိုသို့
အေးရောင်ဓာတ်အရည်တူတယ်
သီတဂူကိန်းဆိုက်ချိန်မို့
အမတဘိသေကာ
ဝိဇေယျာအောင်မြို့
ကိလေသာမလောင်ဘို့ရယ်နဲ့
နောင်မချိုအေးစေ
စေတနာဖြူပါလှ
လှူဒါနနောတတ်အိုင်ရေ
တောင်စစ်ကိုင်း ချောင်တိုင်းဝေမယ်
ဖောင်နှိုင်းလေ မဂ္ဂင်ရှစ်ကယ်နဲ့
တက်ပြင်အသင့်ကူးကြညီတူ
ထူးလှသီတဂူ
မော်ကွန်းသစ်တစ်ကြိမ်ထူမယ်
စိန်ဆူဆူရတုသို့လေး။
.
ဆန်းထွန်း (မန်းတက္ကသိုလ်)
————————————
.
#သီတဂူဆရာတော်သြဝါဒ
လူ့ဘဝတစ်ခဏတာမှာ...
၁။ သင်ဘာတွေထားခဲ့မလဲ?
၂။ သင်ဘာတွေယူသွားမလဲ?
.
Compassions into Action!!
.
#သီတဂူ #sitagu #စက္ခုဒါန #မင်းကွန်း
#အာယုဒါန #အာရောဂျဒါန #ရေအလှူ
#ကိုဗစ်-၁၉ #Covid-19 #Missionary
#သီတဂူရေအလှူတော်သတင်း
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
သီတဂူသာသနာပြုအဖွဲ့
==========================
Posted by သီတဂူသတင်း
- သီတဂူကျော်ဆန်းဝင်း
- သီတဂူထိန်လင်းဦး
- သီတဂူမောင်မောင်အဖွဲ့
- သီတဂူဦးချိုလေး
Live Editor - Sitagu Mg Mg
We have 5 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈