Gazette

သီတဂူရဲ့ ၈လတာအတွင်း ဆန်-၅၁,၈၀၁ တင်း၊ ပဲဆီ-၄၃,၈၃၅ ပိဿာ အလှူတော်

သီတဂူရဲ့ ၈လတာအတွင်း ဆန်-၅၁,၈၀၁ တင်း၊ ပဲဆီ-၄၃,၈၃၅ ပိဿာ အလှူတော်

သီတဂူဆရာတော်ကြီးသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွါးသည့် ၂၀၁၉ ဒီဇင်ဘာလမှ စတင်၍ အခက်အခဲများ စတင်ဖြစ်ပွါးလာနိုင်သည့် အခြေအနေကို မှန်းမျှော်တွေးဆလျှက် ၈လအတွင်းတွင် ...

 

၁။ မူစလင် သက်ကြီးဂေဟာအဖိုးရိပ်သာ (၃၃-ဦး) ရန်ကုန်မြို့ သို့ - ၁၀၀ အိတ်။

၂။ မူစလင် အဖွားများသုခရိပ်သာ (၄၃-ဦး) ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။

၃။ ကက်သလစ်သီလရှင်များတည်ထောင်သော ဘိုးဘွားရိပ်သာ (၁၉၅-ဦး) ရန်ကုန်မြို့သို့ - ၁၀၀အိတ်။

၄။ ဟိန္ဒူလုမ္ဗနီဘိုးဘွားရိပ်သာ (ထမလုံ) (၅၅-ဦး) သံလျှင်မြို့သို့ - ၁၀၀ အိတ်။

၅။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။

၆။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀၀ အိတ်။

၇။ သဘာဝတရားရိပ်သာ၊ (၂၈၃၀-ဦး) သံလျှင်မြို့ သို့ - ၁၀၀၀ အိတ်။

၈။ မေရီချပ်မင်းဆွံ့အနားမကြားကျောင်း၊ ရန်ကုန်မြို့သို့ -၂၅၀ အိတ်။

၉။ အင်းစိန်-ခဝဲခြံမျက်မမြင်ကျောင်း၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။

၁၀။ ဦးလှထွန်း ကင်ဆာဖေါင်ဒေးရှင်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။

၁၁။ မြင်သာမြို့ဦး ပရဟိတအထက်တန်းကျောင်း၊ (၁၈၆၀-ဦး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ သို့ - ၄၅၀ အိတ်။

၁၂။ ရွှေမင်းသား မသန်မစွမ်းစောင့်ရှောက်ရေးဖေါင်ေဒးရှင်း၊ ရန်ကုန်မြို့သို့ (ပ) ၁၀၀အိတ်+(ဒု)၂၀၀အိတ် = ၃၀၀ အိတ်။

၁၃။ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ တိုက်ပွဲရှောင်မိသားစုများသို့ - ၁၀၀၀ အိတ်။

၁၄။ ချင်းပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ချင်းအစိုးရအဖွဲ့မှ တဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ်။

၁၅။ ရခိုင်ပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ရခိုင်အစိုးရအဖွဲ့မှတဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ် (သီတဂူဆရာတော် ကိုယ်တိုင် ကြွရောက်လှူဒါန်းခြင်း)။ . အထက်ပါ (၁၅) နေရာများသို့လည်း ဆန် - ၆,၇၀၀ အိတ်ကို ပေးပို့ လှူဒါန်းခဲ့ပါသည်။

၁၆။ ဘိရှော့ မာကိုတင်ဝင်း မန္တလေးမြို့ ခရိယာန်ချပ်ရှ်ကျောင်းသို့ ၁၆-၄-၂၀၂၀ ရက်နေ့တွင် ဆန်အိတ်-၁၀၀၊ ဆီ-၁၀၀ ပိသာ။

၁၇။ စစ်ကိုင်း၊ မင်းကွန်းမှ ရဟန်း၊ သာမဏေ ၈,၁၀၀ ပါး။ စစ်ကိုင်း၊ မင်းကွန်းမှ သီလရှင် ၆,၀၀၀ ပါး။ စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားရိပ်သာများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာများ၊ မသန်မစွမ်းစောင့်ရှောက်ရေး ဂေဟာများ၊ မျက်မမြင်ကျောင်းများတွင် မှီတင်းနေထိုင်ကြသူများ ၂,၁၅၀ ဦး စုစုပေါင်း - ၁၆,၂၅၀ဦးတို့အတွက် ၁၇-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၁၆,၂၅၀ အိတ်၊ ဆီ-၁၆,၂၅၀ ပိသာ ပေးပို့လှူဒါန်းခဲ့ပြီဖြစ်ပါသည်။

၁၈။ မန္တလေးမြို့-၆ မြို့နယ်အတွင်းမှ ပရဟိတကျောင်း ၇၅ ကျောင်းများရှိ သာမဏေ၊ သီလရှင်များ အစရှိသည့် အလှူခံပုဂ္ဂိုလ် ၄,၁၉၂ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ၃၀-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၈ပြည်၊ ဆီ-၅၀ကျပ်သား နှုန်းဖြင့် ဆန်-၂,၀၉၆ တင်း၊ ဆီ-၂,၀၉၆ ပိသာတို့ကိုလှူဒါန်းပေးခဲ့ပါသည်။

၁၉။ ရန်ကုန်တိုင်း ၂၉မြို့နယ်မှ သီလရှင် ၂၀၁၃၄ ပါးအတွက် ဆန်-၂၀၁၃၄ တင်း၊ ဆီ-၂၀၁၃၄ ပိသာ တို့ကို ၈-၆-၂၀၂၀ ရက်နေ့တွင်စတင်လှူဒါန်းပေးခဲ့သည်။

၂၀။ ရန်ကုန်တိုင်းအတွင်းမှ သံဃာတော်များသည့် စာသင်တိုက်ကြီး ၁၇ တိုက်တွင် သီတင်းသုံးကြသော သံဃာ-၄၁၅၄ ပါးအတွက် ဆန်-၄၄၁၅ တင်း၊ ဆီ-၄၁၅၄ ပိသာတို့ကို ၁၈-၇-၂၀၂၀ ရက်နေ့တွင် ပေးပို့လှူဒါန်း ခဲ့ပါသည်။

၂၁။ ရန်ကုန်တိုင်းအတွင်းမှ တိပိဋကဓရ တိပိဋကကောဝိဒ သုတဗုဒ္ဓဆရာတော်ဘုရားများ တည်ထောင်တော်မူသော ကျောင်းတိုက် ၁၃ တိုက်တွင် သီတင်းသုံးကြသည့်သံဃာ-၁၀၈၁ ပါးတို့အတွက် ဆွမ်းဆန်တော်-၁၁၀၆ တင်း၊ မြေပဲဆီသန့်-၁၀၈၁ ပိသာတို့ကို (၂၂-၇-၂၀၂၀) ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့ပါသည်။

စုစုပေါင်းဆန် - ၅၁,၈၀၁ တင်း၊ စုစုပေါင်းပဲဆီ - ၄၃,၈၃၅ ပိသာ၊ . မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်ပြီး ဆီမှာ အမေထွားပဲဆီသန့် ဖြစ်ပါသည်။ . သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုလှူဒါန်းပေးကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို သီတဂူသာသနာပြုအဖွဲ့မှ ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

#အလှူတော်ဆုတောင်း ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံနော ပုညမင်္ဂလံ ပုညဘာဂံ သုလဘန္တု။ ပမောဒန္တု သဒေဝကာ။ ဤကောင်းမှုများသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း။ ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။

#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်သော် ....

#သာဓု - သာဓု - သာဓု

#လှူဒါန်းမှုသတင်း (၆-လ) https://www.facebook.com/373346706204380/posts/1418936754978698/

#လှူဒါန်းမှုသတင်း (၈-လ) https://www.facebook.com/495974040594716/posts/1433683086823802/

#သီတဂူဆရာတော်သြဝါဒ လူ့ဘဝတစ်ခဏတာမှာ...

၁။ သင်ဘာတွေထားခဲ့မလဲ?

၂။ သင်ဘာတွေယူသွားမလဲ? .

Compassions into Action!! .

#သီတဂူ #sitagu #ဆန်အလှူတော် #ဆီအလှူတော် #ကရုဏာအလှူတော် #ပရဟိတ #သီလရှင် #ကိုဗစ် ======================= သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။ သီတဂူသာသနာပြုအဖွဲ့ ======================= Posted by သီတဂူသတင်း

gazette-image-01 gazette-image-02 gazette-image-03 gazette-image-04 gazette-image-05

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈