Gazette

သံဃာ့တက္ကသိုလ်များ၊ စာသင်တိုက်များအတွက် ဆွမ်းဆန်တော် လှူဒါန်းခြင်း

သီတဂူဆရာတော်ကြီးသည် ရန်ကုန်တိုင်းအတွင်းမှ သံဃာ့တက္ကသိုလ်များ၊ စာသင်တိုက်များအတွက် ဆွမ်းဆန်တော်ထောက်ပံ့ လှူဒါန်းခြင်း အစီအစဉ်ဖြင့် သံဃာတော်များသည့် ကျောင်းတိုက်ကြီး (၁၇) တိုက်တွင် သီတင်းသုံးသည့် သံဃာ-၄၂၇၉ ပါးတို့အတွက် ဆွမ်းဆန်တော်-၄၅၆၅ တင်း၊ မြေပဲဆီသန့်-၄၂၇၉ ပိသာ တို့ကို (စာရင်းဖေါ်ပြပါနေ့ရက်အတိုင်း) ပေးပို့ လှူဒါန်းခဲ့ပြီဖြစ်သည်။

မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်ပြီး ဆီမှာ အမေထွားပဲဆီသန့် ဖြစ်ပါသည်။
.
သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုလှူဒါန်းပေးကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို သီတဂူသာသနာပြုအဖွဲ့မှ ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
.
#အလှူတော်ဆုတောင်း
ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံနော ပုညမင်္ဂလံ ပုညဘာဂံ သုလဘန္တု။ ပမောဒန္တု သဒေဝကာ။

ဤကောင်းမှုများသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း။

ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။

#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု
.
#သီတဂူဆရာတော်သြဝါဒ
လူ့ဘဝတစ်ခဏတာမှာ...
၁။ သင်ဘာတွေထားခဲ့မလဲ?
၂။ သင်ဘာတွေယူသွားမလဲ?
.
Compassions into Action!!
.
#သီတဂူ #sitagu #ကိုဗစ်
#သံဃာတော် #ဆွမ်းဆန်အလှူတော်
#ဆီအလှူတော် #ကရုဏာအလှူတော်
#ပရဟိတ

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

==========================

Posted by သီတဂူသတင်း

20200719-01 20200719-03 20200719-041 20200719-05 20200719-06 20200719-07 20200719-08 20200719-09 20200719-10 20200719-11 20200719-12

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈