ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၂-၇-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သို့ရောက်ရှိပါသည်။ မြစ်ကြီးနားမြို့၊ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူအထောက်အကူပြုအဖွဲ့က ဆပ်ကပ်သော နေ့ဆွမ်းဘုဉ်းပေးပြီးနောက် ၁၁:၃၀ နာရီ အချိန် ဖါးကန့်သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပင့်ဆောင်ကြရာ ၁၂:၀၀ နာရီအချိန် ချမ်းသာချောမောစွာဖြင့် ရောက်ရှိပါသည်။
ဖါးကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတော်တွင် ခေတ္တနေ့သန့်စင်ပြီးနောက် ၁:၃၀ နာရီအချိန်တွင် မော်တော်ယာဉ်ဖြင့် မိုင်-၃၀ ခန့်ဝေးကွာသော ဝှေခါရွာသို့ ကြွရောက်ပါသည်။
ဝှေခါမှော် မြေစာပုံပြိုကျသည့် အခင်းဖြစ်ပွါးရာနေရာသို့ ကြွရောက်ပြီး ကွယ်လွန်သွားကြသူများအတွက် မေတ္တာပို့သပေးပြီးနောက် ၁၃ ရက်နေ့၊ နေ့လည်ခင်း၊ အခင်းဖြစ်ပွါးရာနေရာအနီးတွင် ကွယ်လွန်သူများအား ရည်စူး၍ ဖါးကန့်မြို့နယ်အတွင်းမှ သံဃာတော်-၂၀၀ ပါးအတွက် သင်္ကန်းတစ်စုံနှင့် နဝကမ္မ-၁သိန်းကျပ်စီကို သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းပေးကာ အမျှအတန်း ပေးဝေမည်ဖြစ်သည့်အတွက် ကုသိုလ်ဝေစုကို သာဓုခေါ်ဆိုနိုင်ရန် ကြွရောက်ပေးကြဖို့ အမည်ခေါ်ဖိတ်ကြားပေးခဲ့သည်။
ထို့နောက် ဖါးကန့်မြို့ သီတဂူစက္ခုဒါနဆေးရုံရှိ စံကျောင်းသို့ ပြန်ကြွပါသည်။
ကချင်ပြည်နယ်တွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်ထားသော သီတဂူစက္ခုဒါနဆေးရုံတော်များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ဖါးကန့်တို့တွင်ရှိပါသည်။
ဖါးကန့်ဆေးရုံသည် ၂၀၁၇ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စမ်းသပ်စစ်ဆေး ပေးနိုင်ခဲ့သည့် လူနာပေါင်းမှာ ၆၉၄၉ဦး၊ ခွဲစိတ်ကုသ ပေးခဲ့သည့် လူနာပေါင်းမှာ ၆၈၇ဦး စက္ခုဒါနအလင်းပေးနိုင်ခဲ့ပါသည်။
ယခုကဲ့သို့ ဖါးကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝှေခါရွာ ကျောက်စိမ်းမြေတွင် မြေစာတောင်ကြီး ပြိုကျခဲ့ပြီး အသက်ခန္ဓာပျက်စီးရသူများနှင့် ကျန်ရစ်သူမိသားစုဝင်များအတွက် သီတဂူသာသနာပြုအဖွဲ့က အလွန်ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
#သီတဂူ #sitagu #ကရုဏာခရီးစဉ် #ကချင်ပြည်နယ်#ဖါးကန့် #မနောမြေ
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
Posted by သီတဂူသတင်း
- သီတဂူကျော်ဆန်းဝင်း
- သီတဂူထိန်လင်းဦး
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈