သီတဂူဆရာတော်ကြီးသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွါးသည့် ၂၀၁၉ ဒီဇင်ဘာလမှ စတင်၍ အခက်အခဲများ စတင်ဖြစ်ပွါးလာနိုင်သည့် အခြေအနေကို မှန်းမျှော်တွေးဆလျှက် ၆လအတွင်းတွင် ...
၁။ မူစလင် သက်ကြီးဂေဟာအဖိုးရိပ်သာ (၃၃-ဦး) ရန်ကုန်မြို့ သို့ - ၁၀၀ အိတ်။
၂။ မူစလင် အဖွားများသုခရိပ်သာ (၄၃-ဦး) ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၃။ ကက်သလစ်သီလရှင်များတည်ထောင်သော ဘိုးဘွားရိပ်သာ (၁၉၅-ဦး) ရန်ကုန်မြို့သို့ - ၁၀၀အိတ်။
၄။ ဟိန္ဒူလုမ္ဗနီဘိုးဘွားရိပ်သာ (ထမလုံ) (၅၅-ဦး) သံလျှင်မြို့သို့ - ၁၀၀ အိတ်။
၅။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၆။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀၀ အိတ်။
၇။ သဘာဝတရားရိပ်သာ၊ (၂၈၃၀-ဦး) သံလျှင်မြို့ သို့ - ၁၀၀၀ အိတ်။
၈။ မေရီချပ်မင်းဆွံ့အနားမကြားကျောင်း၊ ရန်ကုန်မြို့သို့ -၂၅၀ အိတ်။
၉။ အင်းစိန်-ခဝဲခြံမျက်မမြင်ကျောင်း၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၁၀။ ဦးလှထွန်း ကင်ဆာဖေါင်ဒေးရှင်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၁၁။ မြင်သာမြို့ဦး ပရဟိတအထက်တန်းကျောင်း၊ (၁၈၆၀-ဦး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ သို့ - ၄၅၀ အိတ်။
၁၂။ ရွှေမင်းသား မသန်မစွမ်းစောင့်ရှောက်ရေးဖေါင်ဒေးရှင်း၊ ရန်ကုန်မြို့သို့ (ပ) ၁၀၀အိတ်+(ဒု)၂၀၀အိတ် = ၃၀၀ အိတ်။
၁၃။ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ တိုက်ပွဲရှောင်မိသားစုများသို့ - ၁၀၀၀ အိတ်။
၁၄။ ချင်းပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ချင်းအစိုးရအဖွဲ့မှ တဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ်။
၁၅။ ရခိုင်ပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ရခိုင်အစိုးရအဖွဲ့မှတဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ် (သီတဂူဆရာတော် ကိုယ်တိုင် ကြွရောက်လှူဒါန်းခြင်း)။
အထက်ပါ (၁၅) နေရာများသို့လည်း ဆန် - ၆,၇၀၀ အိတ်ကို ပေးပို့ လှူဒါန်းခဲ့ပါသည်။
၁၆။ ဘိရှော့ မာကိုတင်ဝင်း မန္တလေးမြို့ ခရိယာန်ချပ်ရှ်ကျောင်းသို့ ၁၆-၄-၂၀၂၀ ရက်နေ့တွင် ဆန်အိတ်-၁၀၀၊ ဆီ-၁၀၀ ပိသာ။
၁၇။ စစ်ကိုင်း၊ မင်းကွန်းမှ ရဟန်း၊ သာမဏေ ၈,၁၀၀ ပါး။ စစ်ကိုင်း၊ မင်းကွန်းမှ သီလရှင် ၆,၀၀၀ ပါး။ စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားရိပ်သာများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာများ၊ မသန်မစွမ်းစောင့်ရှောက်ရေး ဂေဟာများ၊ မျက်မမြင်ကျောင်းများတွင် မှီတင်းနေထိုင်ကြသူများ ၂,၁၅၀ ဦး စုစုပေါင်း - ၁၆,၂၅၀ဦးတို့အတွက် ၁၇-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၁၆,၂၅၀ အိတ်၊ ဆီ-၁၆,၂၅၀ ပိသာ ပေးပို့လှူဒါန်းခဲ့ပြီဖြစ်ပါသည်။
၁၈။ မန္တလေးမြို့-၆ မြို့နယ်အတွင်းမှ ပရဟိတကျောင်း ၇၅ ကျောင်းများရှိ သာမဏေ၊ သီလရှင်များ အစရှိသည့် အလှူခံပုဂ္ဂိုလ် ၄,၁၉၂ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ၃၀-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၈ပြည်၊ ဆီ-၅၀ကျပ်သား နှုန်းဖြင့် ဆန်-၂,၀၉၆ တင်း၊ ဆီ-၂,၀၉၆ ပိသာတို့ကိုလှူဒါန်းပေးခဲ့ပါသည်။
၁၉။ ရန်ကုန်တိုင်း ၂၉မြို့နယ်မှ သီလရှင် ၂၀၁၁၂ ပါးအတွက် ဆန်-၂၀၁၁၂ တင်း၊ ဆီ-၂၀၁၁၂ ပိသာ တို့ကို ၈-၆-၂၀၂၀ ရက်နေ့တွင်စတင်လှူဒါန်းပေးခဲ့သည်။
စုစုပေါင်းဆန် - ၄၆,၂၅၈ တင်း၊
စုစုပေါင်းပဲဆီ - ၃၈,၅၇၈ ပိသာ၊
မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်ပြီး ဆီမှာ အမေထွားပဲဆီသန့် ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုလှူဒါန်းပေးကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို သီတဂူသာသနာပြုအဖွဲ့မှ ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
#အလှူတော်ဆုတောင်း
ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံနော ပုညမင်္ဂလံ ပုညဘာဂံ သုလဘန္တု။ ပမောဒန္တု သဒေဝကာ။
ဤကောင်းမှုများသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း။
ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။
#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု
#သီတဂူဆရာတော်သြဝါဒ
လူ့ဘဝတစ်ခဏတာမှာ...
၁။ သင်ဘာတွေထားခဲ့မလဲ?
၂။ သင်ဘာတွေယူသွားမလဲ?
Compassions into Action!!
#သီတဂူ #sitagu #ဆန်အလှူတော်
#ဆီအလှူတော် #ကရုဏာအလှူတော်
#ပရဟိတ #သီလရှင် #ကိုဗစ်
=======================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 6 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈