! Quarantine ! > check out < Round-3
ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် အိန္ဒိယနိုင်ငံတွင် ပိတ်မိနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၆၈ ဦးတို့ကိုပြန်လည်ခေါ်ဆောင်ခဲ့ပြီး စစ်ကိုင်းတောင် သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် သီတင်းသုံးစေလျှက် သင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဝေယျာဝစ္စတို့ဖြင့် community based facility quarantine (Round-3) ထားရှိကာ ၅-၂၈ ရက်မှ ၆-၁၈ ရက်နေ့အထိ (၂၁-ရက်) စောင့်ရှောက်ကြည့်ရှုရန် အပြည့်အစုံစီမံထားရှိပါသည်။
*သူလည်းဝမ်းသာ-ငါလည်းရွှင်ပြုံး*
၁၈-၆-၂၀၂၀ ညနေ ၅ နာရီအချိန်တွင် သီတဂူဆရာတော်ကြီးနှင့်တကွ ဝန်ဆောင်သံဃာတော်များ၊ ဝေယျာဝစ္စပရိသတ်များက ကွာရင်တင်း ၂၁ ရက်နေထိုင် သီတင်းသုံးကြသော သံဃာတော်များကို နှုတ်ဆက်ခြင်း အခမ်းအနားပြုလုပ်ပေးခဲ့ပြီး နေရပ်ဌာနေအသီးသီး သို့ ၁၉-၆-၂၀၂၀ ရက်နေ့ နံနက်တွင် ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။
တတိယအသုတ် အိန္ဒိယပြန်ကျောင်းသား သံဃာတော်တစ်ပါးလျှင် ကျပ်ငွေ ၂ သိန်းနှင့်အမေရိကန်ဒေါ်လာ ၂၅၀ စီ လှူဒါန်းပေးခဲ့ကြပါသည်။
.
သဗ္ဗေ ဘဒြာနိ ပဿန္တု
အကောင်းမြင်ဝါဒ ထွန်းကားပါစေ။
.
သီတဂူဆရာတော်ကြီးနှင့်အတူ ကျန်းမာရေးဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုများအတိုင်း Front Line တွင် လက်တွဲညီညာ ဆောင်ရွက်ကြကုန်သော ...
-သီတဂူမှသံဃာတော်များ၊
-ရဟန်းရှင်လူ ပြည်သူများ၊
-နေ့စဉ်ဆွမ်းအလှူရှင်များ၊
-ဆရာဝန်နှင်သူနာပြုများ၊
-ကျန်းမာရေးဝန်ထမ်းများ၊
-ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊
-တပ်မတော်သားများ၊
-ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊
-မီးသတ်နှင့်ကြက်ခြေနီများ၊
-ဝေယျာဝစ္စဆောင်ရွက်ကြသူများ၊
အစရှိသည့် လုပ်အားဒါန ကုသိုလ် ပါဝင်ဆောင်ရွက်ကြကုန်သော စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါသည်။
.
"သမဂ္ဂါနံ တပေါ သုခေါ"
စည်းလုံးညီညွတ်သူတို့၏အကျင့်သည် ကြီးပွါးချမ်းသာကြောင်း။
.
#Quarantine ဆိုသည်မှာ
https://www.facebook.com/189920130276/posts/10163315563695277/
.
#ပထမအသုတ် ၂၂-၄-၂၀၂၀
#သီတဂူဆရာတော်ကြိုဆိုဩဝါဒပေး
https://www.facebook.com/sitagulivedhamma/videos/228419238252803/
.
#ဒုတိယအသုတ် ၂၈-၅-၂၀၂၀
#သီတဂူဆရာတော်ကြိုဆိုဩဝါဒပေး
https://www.facebook.com/sitagulivedhamma/videos/255133162222552/
#ဓါတ်ပုံသတင်း
https://www.facebook.com/373346706204380/posts/1396561737216200/
#Swab 2-6-2020
https://www.facebook.com/373346706204380/posts/1400398370165870/
#Swab
https://www.facebook.com/189920130276/posts/10163550324575277/
.
#အိမ်ပြန်ကြပြီ
#ရုပ်သံမှတ်တမ်း ၁၈-၆-၂၀၂၀
https://www.facebook.com/sitagulivedhamma/videos/899067833929340/
#ဓါတ်ပုံမှတ်တမ်း ၁၈-၆-၂၀၂၀
https://www.facebook.com/373346706204380/posts/1413621718843535/
.
#သီတဂူဆရာတော်သြဝါဒ
လူ့ဘဝတစ်ခဏတာမှာ...
၁။ သင်ဘာတွေထားခဲ့မလဲ?
၂။ သင်ဘာတွေယူသွားမလဲ?
.
Compassions into Action!!
.
#သီတဂူ #sitagu #စက်ခုဒါန
#အာယုဒါန #အာရောဂျဒါန
#ကိုဗစ်-၁၉ #Covid-19 #Missionary
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 6 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈