သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဓိပတိဖြစ်သော သီတဂူဆရာတော်ကြီးသည် (၂၂၊ ၀၈၊ ၂၀၁၉) ကြာသပတေးနေ့တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမ မြန်မာကျောင်းတိုက်သို့ ကြွရောက်၍ သီရိလင်္ကာနိုင်ငံတွင် ပညာသင်ယူနေကြသည့် ရဟန်းတော်များ၊ ဆရာလေးများအား သြဝါဒချီးမြှင့်တော်မူသည်။
ကျောင်းတိုက်ကြီးတွင် လိုအပ်နေသောရေစင်ဆောက်လုပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀ (တစ်သောင်းခွဲ) ကိုလည် ဆရာတော်ကြီးမှ လှူဒါန်းပါသည်။
ထို့အပြင် ကွယ်လွန်သူကျောင်းဒကာကြီး ဦးခင်ဦးအောင်အား ရည်စူး၍ သီတဂူကျောင်းအစ်မကြီး ဒေါ်မြင့်မြင့်အုန်း၊ သား၊ သမီး၊ မြေး၊ မြစ်၊ (အောင်ပြည်တန်ကုမ္ပဏီ) မိသားစုမှ အမေရိကန်ဒေါ်လာ ၅၀၀၀ (ငါးထောင်) လှူဒါန်းပါသည်။
သီတဂူဆရာတော်ကြီးနှင့် အလူရှင်ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတို့ သီတဂူစန်းလပမာ ရွှင်လမ်းချမ်းမြေ့ကြပါစေ။
မကုဋာရာမ မြန်မာကျောင်း-သီရိလင်္ကာမှ ကူးယူ ဖော်ပြပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 25 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈