၂၀၁၅ခုနှစ်။ စက်တင်ဘာလ (၂၂)ရက်
သီတဂူဆရာတော်ကြီးအား အမှူးထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နှင့် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့ ဥတိုမြို့သစ်ရှိ သီတဂူစက္ခုဒါနဆေးရုံများ မျက်စိခွဲစိပ်ကုသမှုများပြုလုပ်ပေးသည်။
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံ၏ (၃၃) ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို
ဖွင့်လှစ်ကုသလျက်ရှိရာ ၂၁-၉-၂၀၁၅ ရက်နေ့ထိ မျက်စိဝေဒနာရှင်ပေါင်း (၄၈၄) ဦးကို စမ်းသပ်ပေးပြီး လူနာပေါင်း (၆၁) ဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဥတိုမြို့သစ်ရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၂၁-၉-၂၀၁၅ နေ့မှ စတင်ကာ မျက်စိဝေဒနာရှင်များအား စပ်သပ်စစ်ဆေးပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများ စတင်ဆောင်ရွက်ပေးခဲ့ရာ ပြင်ပလူနာ စုစုပေါင်း - ၁၄၀၊ ခွဲစိပ်ကုသပေးပြီး အလင်းရရှိသွားသော လူနာ - ၅၂ဦးတို့ဖြစ်ပါသည်။
သီတဂူစက္ခုဒါနဆေးရုံ (ဥတိုမြို့သစ်) တွင် အမေရိကန်နိုင်ငံမှ အလှူရှင်များ ဖြစ်ကြသော Dr. Jackson နှင့် ဇနီးတို့မှ အမေရိကန်ဒေါ်လာ - ၇သောင်းတန်ဖိုးရှိသော Operating Microscope နှင့် Slit Lamp (Portable) - တို့ကို ဆေးရုံတွင် အသုံးပြုရန် ကိုယ်တိုင်ကိုယ်ကျ လာရောက် လှူဒါန်းပေးခဲ့ကြပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 11 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈