သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေး အဖွဲ့၏ (၁၅)ရက်မြောက်ခရီးသည် ဧရာဝတီတိုင်းဒေသကြီးထဲက အိမ်မဲမြို့နယ်နှင့် ကျုံပျော်မြို့နယ်များဆီသို့ ဘုန်းကြီး ဦးကောဝိဒနှင့် ဒေါက်တာကိတ္တိဗလတို့ တစ်ဖွဲ့စီး ဦးဆောင်သွားသည်။
ဒီကနေ့ (၁၈-၈-၂၀၁၅) ထိုမြို့များဆီသို့ ဆန်အိတ် (၂၅၀)၊ ပဲအိတ် (၅၀)၊ စားစရာအမျိုးမျိုး၊ ဆေးဝါး၊ အဝတ်အထည် စသည်များကို ကုန်တင်ကားကြီး (၃)စီးတိုက် သယ်ဆောင်သွားပြီဖြစ်သည်။
မနေ့က (၁၇-၈-၂၀၁၅)နေ့ ဧရာဝတီတိုင်းဒေသကြီးသ အသုတ်မြိ့၊ ရေကြည်မြို့များနှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ထဲက ရွာတွေဆီသို့ ကုန်တင်ကားကြီး (၄)စီးတိုက် ဆန်၊ ပဲ၊ အဝတ်အစား၊ ဆေး၊ ရေသန့်စသည်များကို ပို့ဆောင်လှူဒါန်းခဲ့သည်။
လှူဒါန်းပြီးသည်
---------------------
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း (၄၄)၊ ကျေးရွာပေါင်း (၂၃၆)၊ အိမ်ထောင်စု (၁၇၈၈၀)၊ လူဦးရေ (၇၁၇၂၀)တို့ဆီသို့ ဆန်အိတ် (၇၄၅၇)၊ ပဲအိတ် (၂၂၀)၊ အခြား လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားစရာအမျိုးမျိုးတို့ကို ကုန်တင်ကားကြီး (၈၆)စီးနှင့် သင်္ဘောကြီးများဖြင့် ပို့ဆောင် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။
အရေးဘေးအတွက် အသုံးပြုပြီး အလှူငွေပမာဏ ကျပ်သိန်း (၂၀၀၀)နှစ်ထောင်ခန့်ရှိသွားပြီ ဖြစ်ပါသည်။
ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေ ကျဲသွားပေမဲ့ သီတဂူအဖွဲ့ကတော့ ယခုအချိန်ထိ ဆက်လက်ပြီး လှုပ်ရှားတုန်းပဲဖြစ်ပါသည်။
သီတဂူတပည့်တွေလည်း နေ့ညမနား အလှည့်ကျရာ ဒေသသို့လိုက်ပါ ကုသိုလ်ယူနေကြပါသည်။ အလှူရှင်တွေ ရှိနေသရွေ့ ကူညီရေးတွေ ထောက်ပံ့ရေးတွေ ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်ပါသည်။ နောက်ပိုင်းပြန်လည်ထူထောင်ရေးမှာလည်း ပြုလုပ်ရမှာဖြစ်ပါသည်။
အလှူရှင်များသို့ ပန်ကြားခြင်း
---------------------
ယနေ့အထိ အထည်အမျိုးမျိုး၊ စာစရာအမျိုး၊ ဆေးဝါအမျိုးတို့ကို ရေဘေးသင့်ပြည်သူအား လှူဒါန်းကြ၍လည်း အထူး ကျေးဇူးတင်လှပါသည်၊ ၀မ်းလည်းသာရပါသည်။ ယခုအခါ အထည်အဟောင်းများ ပြည့်လျှံနေသည်ဖြစ်၍ ထိုအစား ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆန် စတဲ့ စားစရာများ တိုး၍လှူဒါန်းစေလိုပါသည်။ အထည်အသစ်တွေကိုတော့ လှူဒါန်းနိုင်ပါသည်။
လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944
ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၈-၂၀၁၅
www.sitagustar2020.net
We have 12 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈