Activities

နေ့စဉ်အဆက်မပြတ်သွားနေတဲ့ သီတဂူရေဘေးအလှူတော် (၁၂-၈-၂၀၁၅ am)

သီတဂူရေဘေးသင့်ပြည်သူ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့သည် တစ်ရက်ကလေးမှ မနားဘဲ နေ့စဉ် တစ်နေ့ ကုန်ကားကြိး (၄)စီးလောက်ဖြင့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ခေါက်ဆွဲ၊ ပဲ၊ အဝတ်အထည် စသော အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို သယ်ဆောင်လျှက် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်သွားလျက်ရှိပါသည်။

ဒီနေ့ (၁၂-၈-၂၀၁၅) ဒေါက်တာအရှင်ကိတ္တိဗလ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နှင့် အသုတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်တို့ဆီသို့ ကုန်တင်ကားကြီး ၃စီးဖြင့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အဝတ်အထည် စသည်တို့ကို သယ်ဆောင်သွားပြီ ဖြစ်ပါသည်။

မနေ့က (၁၁-၈-၂၀၁၅)မှာတော့ ဧရာဝတီတိုင်းဒေသ၊ မြန်အောင်၊ ကနောင်၊ သာပေါင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး၊ ပဲခူးတိုင်းဒေသကြီး တသာယာဝတီတို့ဆီသို့ သီတဂူရေဘေးအလှူအဖွဲ့ အရောက်သွားခဲ့ပြီးဖြစ်ပါသည်။

ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းစတဲ့ ရေဘေးသင့်ဒေသ မြို့နယ် (၄၆) ရွာပေါင်း (၁၈၈)များဆီသို့ ကုန်တင်ကားကြီး (၄၇)စီးဖြင့် ဆန်အိတ်ပေါင်း (၃၄၀၀)နှင့် အဝတ်အထည်၊ အစားအစာ၊ သောက်ရေသန့်၊ ဆေးဝါးပစ္စည်းတို့ကို ပို့ဆောင်ပေးဝေပြီးဖြစ်ပါသည်။ ထိုတိုင်းပြည်နယ်ဒေသရှိ ရေဘေးသင့်ဒေသအနှံ့သွားရောက်လှူနိုင်ခဲ့သည်။

၂၃-၈-၂၀၁၅ နေ့ သီတဂူဆရာတော်ကြီးကိုယ်တိုင်သွားမည့် ရခိုင်ပြည်နယ်သို့ ဆန်အိတ် (၂၀၀၀) သင်္ဘောဖြင့် တင်ပို့လျက်ရှိသည်။

အလှူရှင်များသို့ ပန်ကြားခြင်း

ယနေ့အထိ အထည်အမျိုးမျိုး၊ စာစရာအမျိုး၊ ဆေးဝါအမျိုးတို့ကို ရေဘေးသင့်ပြည်သူအား လှူဒါန်းကြ၍လည်း အထူး ကျေးဇူးတင်လှပါသည်၊ ၀မ်းလည်းသာရပါသည်။ ယခုအခါ အထည်အဟောင်းများ ပြည့်လျှံနေသည်ဖြစ်၍ ထိုအစား ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆန် စတဲ့ စားစရာများ တိုး၍လှူဒါန်းစေလိုပါသည်။ အထည်အသစ်တွေကိုတော့ လှူဒါန်းနိုင်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၈-၂၀၁၅
www.sitagustar2020.net

 

activities-156activities-157activities-158activities-159activities-160activities-161

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 23 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈