(၇-၈-၂၀၁၅) ညနေပိုင်းသတင်း
(7-8-2015) နေ့ အထက်-အောက် မြန်မာပြည်ရှိ သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့တို့၏ လှုပ်ရှား သည် တစ်နေ့တည်း တစ်ချိန်တည်း နေရာအနှံ့အပြားဆီသို့ အရောက်ပို့သည်။
စစ်ကိုင်း သီတဂူအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်၊ ဇီးကျွန်းရွာ၊ ငါးပယ်ရွာများနှင့် ကနီမြို့တို့သို့ သွားရောက်၍ တစ်နေရာလျှင် ဆန်အိတ် (၅၀)စီနှင့် အခြား စားစရာအမျိုးမျိုး၊ ဆေးဝါး၊ သောက်ရေသန့်၊ အဝတ်အထည်များကို သွားရောက်လှူဒါန်းကြသည်။
ရန်ကုန်သီတဂူအဖွဲ့က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူ၊ ဇလွန်မြို့နယ်၊ ကျောင်းကုန်း (ဒုတိခေါက်)နှင့် ပဲခူးတိုင်းဒေသကြီး မင်းလှ၊ ရွှေတောင်နှင့် တိုက်ကြီးမြိုများသို့ တချို့နေရာ ဆန်အိတ် (၁၀၀)စီ၊ တချို့နေရာ (၇၅)၊ တချိုနေ့ ဆန်အိတ် (၅၀)စီ (ယာဉ်ဆန့်မှုအရ)နှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အဝတ်အထည် အမျိးမျိုးတို့ကို ကုန်တင်ကားကြီး (၆)စီးတိုက် သယ်ဆောင်သွားကြသည်။
တိုက်ကြီးမြိုနယ်အတွက် အိမ်ခြေ (၃၀၀)၊ လူဦးရေ (၁၀၀၀)အတွက် ဆန်၊ဆီ၊ ဆေး၊ ခေါက်ဆွဲခြောက်၊ စားစရာ၊ စောင်၊ ဓာတ်မီး၊ သောက်ရေသန့်ပါ အိတ် (၁၀၀၀)ကို ဦးတိက္ခသာရဦးဆောင်သော ကျောင်းသား ရဟန်းတော်၊ သီလရှင် (၁၂)ပါးတို့က ကုန်တင်ကားကြီးတစ်စီ၊ လူစီးကားများဖြင့် သယ်ဆောင်၍ ညနေ ၄းဝဝ နာရီက ထွက်သွားကြပြီ ဖြစ်သည်။
နေရာ (၂၀) လှူဒါန်းပြီး
-------------
(မြန်မာပြည် အထက်ပိုင်း) ကလေးမြို့၊ ကောလင်းမြို့၊ ကျွန်းလှမြို့၊ ၀န်းသို၊ မုံရွာမြို့၊ မြောင်၊ ကနီ၊ (၇နေရာ)
(မြန်မာပြည် အောက်ပိုင်း) ဘားအံ့မြို့၊ ဟင်္သာတမြို့၊ ထိန်တော၊ မိုးညို၊ ပွင့်ဖြူမြို့၊ စေတုတ္တရာမြို့၊ အင်္ဂပူ၊ ဇလွန် ကျောင်းကုန်း (နှစ်ခေါက်)၊ မင်းလှ၊ ရွှေတောင်မြို့နယ်၊ တိုက်ကြီး နှင့် မဘသ ရေဘေးကယ်ဆယ်ရေးအဖွဲ့ (၁၃)နေရာ (စုစုပေါင်း (၂၀)နေရာသို့ ဆန်အိတ် (၁၉၀၀)ကျော်၊ ကျပ် သိန်း (၁၀၀၀)၊ အဝတ်အထည်၊ စားစရာအမျိုး၊ ဆေးဝါး၊ သောက်ရေသန့် စသည်တို့ကို လှူဒါန်းပြီး ဖြစ်ပါသည်။
(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)
သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944
ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၈-၂၀၁၅
www.sitagustar2020.net
We have 13 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈