မနေ့ (၂-၈-၂၀၁၅) ရန်ကုန်မြို့နှင့်အနီးတဝိုက်မှ ရေဘေးအတွက် လာရောက်လှူဒါန်းသည့် ပစ္စည်းများကို ကွန်တိန်နာ (၁၂ဘီး)ကားတစ်စီးနှင့် ကုန်ကားကြီးတစ်စီးဖြင့် ရန်ကုန်မှ စစ်ကိုင်းသို့ ညနေပိုင်းမှ စတင်ထွက်ခွါသွားပြီ။
ဒီနေ့ (၃-၈-၂၀၁၅)မနက်စောစောက (၁၂)ဘီးကားတစ်စီးဖြင့် ဘားအံ့မြို့နယ်သို့ ထွက်ခွါသွားပြီ ဖြစ်သည်။
ရေဘေးကယ်ဆယ်ရေးအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ စသော အစားအစာများ၊ ဆေးဝါးများ၊ အဝတ်အထည်အမျိုးမျိုး။ အလှူငွေ ဒီကနေ့ တစ်ရက်တည်းပင် ကျပ်သိန်းပေါင်း (၇၀၀)ကျော်၊ နှစ်က်ပေါင်း သိန်း (၁၂၀၀)ကျော်တို့ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က အလှူခံရရှိထားပါသည်။
ယခုအခါ ထိုအလှူခံရရှိသည်မှ ကားကြီးနှစ်စီးအပြည့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်သို့ သယ်ဆောင်ပြီး၊ ကျန်ရှိသည်များကို ကျန်နေရာများသို့ လှူဒါန်းရန် စီစဉ်ထားပါသည်။
မြိုနယ် ၅ ခု လှူပြီး
ကလေးမြို့နယ်၊ ကောလင်းမြို့နယ်၊ ၀န်သိုလ်မြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ဘားအံ့မြို့နယ် ၅ ခုကို ဆန်အိတ် (၁၀၀)စီ၊ ကျပ်ငွေ သိန်း (၁၀၀)စီနှင့် အခြား လူသုံးကုန်ပစ္စည်းများ၊ အစားအစာ၊ ဆေးဝါး၊ အဝတအထည်များလည်း လှူဒါန်းပြီးသည်။
သွားရန်စီစဉ်ဆဲ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူနယ်တဝိုက်အတွက် လှူဒါန်းရန် စီစဉ်နေပါသည်။
သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944
ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လာရောက်လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါးကြီး ဝေယျာဝေစ္စကုသိုလ်ယူကြသူများ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က ကျေးဇူးအထူးတင်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 6 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈