၂၀၁၅-ခုနှစ်၊ သြဂုတ်လ (၂)ရက်
ဒီကနေ့ (၂-၈-၂၀၁၅) (၇း၃၀)မိနစ်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဆရာတော်ကြီး၏ ဧည့်ခန်းမတွင် ကျင်းပသော အစည်းအဝေး၌ “ရေဘေးသင့်ပြည်သူများ ကူညီ စောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့”ကို စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုံးခုရှိ သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ သံဃာတော်များဖြင့် ဖွဲ့စည်းရန် သီတဂူဆရာတော်ကြီးက ညွှန်ကြားလိုက်သည်။
၂၀၁၅ခုနှစ် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ရွာများတွင် ရေဘေးများကျရောက်လျက်ရှိသည်။ ထိုရေဘေးသင့်ပြည်သူများကို ကူညီ စောင့်ရှောက် ထောက်ပံ့နိုင်ရန် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ သံဃာတော်များကို ဆရာတော်ကြီးကိုယ်တိုင် တာဝန်ပေးအပ်သည်။
ထိုအစည်းအဝေး၏ အဆုံးဖြတ်အရ
(၁) အလှူခံဌာနဖွင့်ခြင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)ရှိ အလှူခံဌာနတွင် နံနက်၊ နေ့၊ ညနေပိုင်းတို့တွင် ရဟန်းတော်နှစ်ပါးက အလှည့်ကျ တာဝန်ယူကြရန်
(၂) ထိခိုက်ပျက်စီးများသော ရေဘေးသင့်ဒေသများကို ဦးစားပေးရွေချယ်ခြင်း
သီတဂူဆရာတော်ကြီးကိုယ်တိုင် ရွေးချယ်ပေးထားသော ရေဘေးသင့်ဒေသများမှာ- စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြိုံ၊ ၀န်သိုလ်မြို့၊ ကျွန်းလှမြို့ ကလေးမြို့။ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့်အနီးတဝိုက်။ ကရင်ပြည်နယ်၊ ဘားအံ့မြို့ဒေသ။
(မှတ်ချက်။ ။ ကျန်ဒေသများကို သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ သံဃာတော်များက ရွေးချယ်ရန်)
(၃) လှူဒါန်းရန် မူများ
အထက်ဖေါ်ပြပြီး ရေဘေးသင့်ဒေသများနှင့် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ သံဃာတော်များက လှူဒါန်းရန် ရွေးချယ်ထားသော ရေဘေးသင့်ဒေသများကို တစ်မြို့နယ်လျှင် ကျပ်သိန်း (၁၀၀)စီ၊ ဆန်အိတ် (၁၀၀)စီနှင့် လူသုံးကုန်ပစ္စည်းများ၊ အဝတ်အစားများ၊ စားစရာများ တတ်နိုင်သလောက် လှူဒါန်းရန်
(၄) လှူဒါန်းရာဝယ်
ဆိုင်ရာနယ်ဒေသရှိ သြဇာရှိသော ဘုန်းတော်ကြီးများထံ ချဉ်းကပ်ပြီး ဝေငှနိုင်ရန် (သို့မဟုတ်) ဒေသခံကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုခုသို့ စနစ်တကျပေးအပ်ရန်
(၅) လှူဒါန်းပြီး လှူဒါန်းဆဲနေရာ ဒေသများ
(က) ကလေးမြို့ ဘုန်းတော်ကြီး (၅)ကျောင်းအတွက် ကျပ်သိန်း (၁၀၀)၊ ဆန်အိတ် ၁၀၀ တို့ကို လှူဒါန်းပြီး ဖြစ်သည်။ ထို့ပြင် တခြား လူသုံးကုန်ပစ္စည်းများ၊ အစားအစာ၊ ဆေးဝါး၊ အဝတအထည်များလည်း လှူဒါန်းသည်။
ကလေးမြို့ရှိ စာသင်တိုက် ၅ တိုက်မှ သံဃာ ရ၀၀ကျော်တို့ ကုန်းမြင့်ရာသို့ ရွှေ့ပြောင်းနေရခြင်း၊ ၀ါဆိုသင်္ကန်းများ မရရှိသေးသဖြင့် ၀ါဆိုသင်္ကန်းအပါးစေ့ လှူနိုင်အောင် စီမံပေးရန်
(ခ) ကောလင်း၊ ၀န်သိုလ်၊ ကျွန်းလှမြို့များသို့ တစ်မြို့နယ်လျှင် ဆန်အိတ် (၁၀၀)နှင့် ကျပ်ငွေ သိန်း (၁၀၀)စီနှင့် တခြား လူသုံးကုန်ပစ္စည်းများ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်များကို လှူဒါန်းရန်
(ဂ) ဘားအံမြို့ (၃-၈-၂၀၁၅ မနက်စောစော သွားရောက်မည်) ငွေကျပ်သိန်း-၁၀၀၊ ဆန်တစ်တင်းခွဲအိတ်×၅၀၊ အဝတ်အစား၊ စားစရာများကို ကထိကဆရာတော်တစ်ပါးဦးဆောင်ကာ ကပ္ပိယ ဦးကျော်ရှိန်နှင့်အတူ ဦးငြိမ်းတို့က သွားရောက်လှူဒါန်းရန် ဆရာတော်က ညွှန်ကြားသည်။
(ဃ) ရခိုင်ပြည်နှင့် ချင်းပြည်နယ်များကို ဆရာတော်ကြီး ဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးစီး ကြွမည်။
မှတ်တမ်းတင်သူ
ဒေါက်တာ အရှင်ကောဝိဒသိရီ
ဒု-ဥက္ကဋ္ဌ
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
We have 6 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈