ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ “မြန်မာထေရဝါဒ ဗုဒ္ဓစင်တာ” ကျောင်းတော်ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၇ခုနှစ် ပထမဝါဆိုလပြည့်နေ့ (၁-၇-၂၀၁၅)မှာ ဖွင့်လှစ်ပူဇော်မည်၊ တဆက်တည်း သိမ်ကျောင်းတော် ပူဇော်မည်။
ကျောင်းလွတ်ပူဇော်ပွဲ ဓမ္မသဘင်များ
၁။ ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရ (တိပိဋကဆရာတော်) ၂၈-၆-၂၀၁၅နေ့ မြန်မာသံရုံး၊ မော်စကို ညနေ (၁၉းဝဝ)နာရီ
၂။ သီတဂူအရှင်ဒေဝိန္ဒာဘိ၀ံသ ၂၉-၆-၂၀၁၅ နေ့ မြန်မာသံရုံး၊ မော်စကို ညနေ(၁၉းဝဝ)နာရီ
၃။ ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ) ၃၀-၆-၂၀၁၅ နေ့ မြန်မာသံရုံး၊ မော်စကို ညနေ(၁၉းဝဝ)နာရီ
၄။ သီတဂူဆရာတော်ကြီး (၁-၇-၂၀၁၅) နေ့ Power Engineering Institute ယဉ်ကျေးမှုခန်းမဆောင် (နေ့လည် ၁းဝဝ)နာရီ
၅။ သီတဂူဆရာတော်ကြီး (၂-၇-၂၀၁၅) နေ့ ရုရှားလူမျိုးများအတွက် ညနေ (၁၉းဝဝ)နာရီ
ထိုကျောင်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာ၊ အမေရိကန်၊ အင်္ဂလန်နိုင်ငံတို့မှ ဆရာတော်များ၊ ရုရှားနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်ယုနှင့် သံရုံးဝန်ထမ်း မိသားစုများ၊ မြန်မာနိုင်ငံမှ အရာရှိများ၊ ကျောင်းသားများ၊ အလှူရှင်များ တက်ရောက်ကြမည် ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 5 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈