ဒီကနေ့ (၂၅-၆-၂၀၁၅) နေ့လည်ပိုင်းက သီတဂူဆရာတော်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံရုံးသို့ ကြွတော်မူသည်။ ပြီးခဲ့တဲ့ ( ၂၅-၄-၂၀၁၅)က လှုပ်ခက်သွားသော နီးပေါလ်နိုင်ငံ မြေငလျင်ကြောင့် လူပေါင်း ၈၈၀၀ ကျော် အသက်ဆုံးရှုံးရပြီး၊ သိန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ရပါသည်။
သီတဂူဆရာတော်ကြီးက လူသားချင်းစာနာထောက်ထားသောအားဖြင့် ထိုမြေလျင်ဒဏ်ခံများ ပြန်လည်ထူထောင်ရေးအတွက် အထောက်ကူဖြစ်စေရန် အမေရိကန်ဒေါ်လာ သုံးသောင်း (၃၀၀၀၀)တို့ကို မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံအမတ်ကြီးအား ပေးလှူခဲ့သည်။ သီတဂူဆရာတော်ကြီးက အလှူပမာဏဟာ သေးငယ်ပေမဲ့ နှလုံးသားမှ လာသော မေတ္တာ ကရုဏာတွေဖြစ်ကြောင်း မိန့်သည်။
သီတဂူဆရာတော်ကြီးကို သံရုံးမိသားစုများက ၀မ်းပန်းတသာ ကြိုဆိုကြသည်
(အလားတူ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်ရေဘေးအတွက် ပါကစ္စတန်သံရုံးသို့သွား၍ အမေရိကန်ဒေါ်လာ တစ်သောင်း လှူခဲ့ဖူးသည်)
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 10 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈