၁-၇-၂၀၁၅နေ့ ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်မည့် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓစင်တာ ကျောင်းတော်ကြီး အလှူတော်အတွက် သီတဂူဆရာတော်ကြီး စပ်ဆိုသည်။
ဒို့များ “ညီ”တူ၊ ကျောင်းအလှူကား
သောင်းဆူစကြာဝဠာ၊ နတ်ဗြဟ္မာတို့
ဖရဏာပီတိ၊ ဂွမ်းဆီထိသို့
ပီတိသဥ္စနန၊ ၀မ်းမြောက်ရအံ့။
ရခဲစွာလှ၊ လူ့ဘဝ၌
သဒ္ဓမ္မသုံးဖြာ၊ သာသနာ၏
အခွင့်သုံးဝ၊ ဆုံးရှံူးကြသည့်
ပစ္စန္တဗိုလ်၊ လူထိုထိုတို့
သင်ဘို့ ကျင့်ဘို့၊ အားထုတ်ကြဘို့
ငါတို့ပေါင်းစု၊ ကောင်းစွာပြုသည်
သောင်းထုစကြာဝဠာကျော်၊ ဤကျောင်းတော်သည်
ရေရှားဘေးခ၊ ကန္တာရကြမ်း၊ ခရီးလမ်းဝယ်၊
ပင်ပန်းစွာလှ၊ သွားလာကြ၍၊
ဓမ္မသီတာရေ၊ မွတ်သိပ်နေသည့်
ဝေနေယျခပင်း၊ ထိုလူတသင်းတို့အတွက်
အိုအေစစ်လား၊ ကန္တာရမိုးလား?
လား၊ လား၊ လေး၊ လေး
တွေးရပလောက်၊ ကန္တာရမှာ
ကြာပေါက်လေပြီ၊ ကောင်းချီးသီလျှက်
နတ်ပြည်၊ မဟဂ္ဂုတ်၊ ဘဝဂ်လှုပ်အောင်
အုတ်အုတ်ကျက်ကျက်၊ ဓမ္မစက်သံ
မိုးသို့ညံသည်၊ ဓမ္မအောင်လံ ထူခဲ့ပြီတကား။ ။
သီတဂူဆရာတော်
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 26 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈