Activities

သီတဂူသာသနာပြုအဖွဲ့ (အောက်မြန်မာပြည်) အစည်းအဝေးကျင်းပ

ဒီကနေ့ (၁၄-၆-၂၀၁၅) ညနေ (၃း၃၀)က သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်၊ အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံပွဲတစ်ရပ် ကျင်းပသည်။

ထိုတွေ့ဆုံပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးဆရာတော်များနှင့် သီတဂူကပ္ပိယကာရက အဖွဲ့တို့ တက်ရောက်ကြသည်။

 

အကြောင်းအရာများ
----------------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းသားအသစ်ကြိုဆို တွေ့ဆုံပွဲ (Fresher-Welcome)ကို (၂၀-၆-၂၀၁၅) နေ့ နံနက် ရးဝဝ နာရီက စတင်ပြီး ကျင်းပမည်ဖြစ်ကြောင်း၊ ထိုကျောင်းအသစ်ကြိုဆိုပွဲသို့ ယခုနှစ်တက်ရောက် ပညာသင်ကြားကြမည့် (က)ဘီအေတန်း၊ (ခ) ဒီပလိုမာတန်း၊ (ဂ) ဗုဒ္ဓဓမ္မပါဒကအတန်း စုစုပေါင်း ကျောင်းသား (၅၆၀) ယောက်နှင့် ဒီပလိုမာတန်းနှင့် ဗုဒ္ဓဓမ္မပါဒကအတန်းတွင် ဘွဲ့ခံကျောင်းသား (၂၀၀)ကျော်၊ စုစုပေါင်း (၈၀၀) ၀န်းကျင်သော ကျောင်းသားများ တက်ရောက်ကြမည် ဖြစ်သည်။

ထိုပွဲအတွက် ကျောင်းသားများအား စာအုပ်စာတန်းများ လှူဒါန်းခြင်း၊ ဘွဲ့ခံပုဂ္ဂိုလ်များအား ဘွဲ့လက်မှတ်များ ပေးအပ်နှင်းခြင်း၊ အထူးဆုများ ပေးခြင်း၊ ကျွေးမွေးဧည့်ခံခြင်း၊ အထူးဧည့်သည်များ ဖိတ်ကြားခြင်း စသည့် ကျောင်းသားအသစ်ကြိုဆိုပွဲနှင့် စပ်သော အကြောင်းအရာများကို တိုင်ပင် ညှိနှိုင်းခြင်း၊ တာဝန်ကိုယ်စီ ခွဲဝေကြခြင်းများပြုလုပ်ကြသည်။ ထို့ပြင် သီတဂူသာသနာပြုဆိုင်ရာများ အကြောင်းကိုလည်း ထည့်သွင်း တိုင်ပင်ကြသည်။

 

ဖိတ်ကြားခြင်း

 

သို့ဖြစ်ပါ၍ ယခုနှစ် တက်ရောက်ကြမည့် ကျောင်းတော်သူ ကျောင်းတော်သားများ၊ ဘွဲ့လက်မှတ်ခံယူကြမည့် ကျောင်းတော်သူ ကျောင်းတော်သားများ၊ သီတဂူကပ္ပိယကာရကအဖွဲ့ဝင်အားလုံးနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

activities-51 activities-52 activities-53 activities-54 activities-55

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 7 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈