သီတဂူဆရာတော်ဘုရားကြီး၏ ညွှန်ကြားမှုဖြင့် တည်ထောင်ထားသော ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တည်ထောင်ထားသော သီတဂူစက္ခုဒါနဆေးရုံ၌ သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တို့သည် ၈-၆-၂၀၁၅ နေ့က စတင်၍ မျက်လုံးအလှူတော်များ စတင်ခဲ့သည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) အုပ်ချုပ်ရေးမှူး ဘုန်းကြီးဦးကောဝိဒ၊ အာယုဒါနဆေးရုံ အုပ်ချုပ်ရေးမှူး ဘုန်းကြီးဒေါက်တာ အရှင်သေဋ္ဌိလ၊ သီတဂူကပ္ပိယကာရက ဒု-ဥက္ကဋ္ဌ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမြအောင်နှင့် သီတဂူဆရာ၊ ဆရာမများ၊ သူနာပြုများ၊ ဒေသခံများက ၀ုိင်းဝန်းလုပ်အားပေးကြသည်။
ကုသမှုပြီးစီးမှု
ယနေ့အထိ စမ်းသပ်ပြီးစီးမှု=၂၃၂
ခွဲစိပ်ကုသမှု=၁၀ ဦးတို့ကို စတင် ခွဲစိပ်ကုသမှုများ ပြုလုပ်ကြပါသည်။
၁၃-၆-၂၀၁၅ နေ့အထိ စမ်းသပ် ကုသပေးမည် ဖြစ်သည်။
ဓာတ်ပုံသတင်း=ဘုန်းကြီး ဦးကောဝိဒ၊ ဦးသေဋ္ဌိလ
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈