၇-၄-၂၀၁၅ နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာတွင် သီတဂူစက္ခုဒါနဆေးရုံကို ဖွင့်လှစ်သည်။
ထိုဆေးရုံဖွင့်ပွဲကို သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာတော် ဆရာတော်ကြီးများ၊ တိုင်းဒေသ၊ မြို့နယ် အစိုးရတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဒေသခံများ တိုက်ရောက်ကြသည်။
ယခုဆေးရုံသည် မြန်မာနိုင်ငံအနှံ့ တောင်ပေါ် တောင်အောက်၊ ပြည်နယ်နှင့်တိုင်းဒေသရှိ အထွေထွေဆေးရုံများ အပါ၀င် မျက်စိဆေးရုံပေါင်း ၂၉ ခုဖွင့်လှစ်ပြီး ဖြစ်သည်။
ယနေ့အထိ ထိုဆေးရုံများမှ မျက်စိအလင်းရသူပေါင် ခြောက်သောင်း (၆၀၀၀၀)ကျော်ပြီ ဖြစ်သည်။
သစ်ပင်ကထွက်တဲ့ အသီးအပွင့်တွေ သစ်ပင်တွေက ပြန်မစား၊ လူတွေပဲ စားသုံးကြ။
နွားမကထွက်တဲ့ နို့ရည် နွားမက ပြန်မသောက်၊ လူတွေပဲ သောက်သုံးကြ။
နွားထီးက ထမ်းရွက်ဆောင်ရွက်သည့် အကျိုးများ နွားထီးက ပြန်မခံစား၊ လူတွေပဲ ခံစားကြ။
အလားတူ သာသနာနှင့် နိုင်ငံအတွက် အများအကျိုး ဆောင်ရွက်နိုင်ကြပါစေသတည်း။။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 8 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈