Activities

တတိယနေ့ ရွှေကျင်ဂိုဏ်းလုံးကျွတ် အစည်းအဝေး

၂၉-၁-၂၀၁၅ မနက်ပိုင်း (၇းဝဝ)နာရီက ၁၉ ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးအောင်ပွဲ အထိမ်းအမှတ်အဖြစ် သာသနာပိုင်ဆရာတော်ကြီးများ၊ ဒုတိယသာသနာပိုင်ဆရာတော်ကြီးများ၊ ဂိုဏ်းလုံးဝန်ဆောင်ဆရာတော်များ၊ အဖွဲ့ဝင်သံဃာတော်များက မြတ်ဗုဒ္ဓများနှင့်စပ်သော လင်းလွန်ပင်နှင့် ကံ့ကော်ပင်များကို စိုက်ပျိုးပူဇော်ကြသည်။

အထိမ်းအမှတ်သစ်ပင်များ ပူဇော်ပြီး ဗိမာန်ကြီးပေါ်တွင် နံနက် (၈း၁၀)နာရီ နံနက်ပိုင်း အစည်းအဝေးကို စတင်သည်။

ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက ဒီအစည်းအဝေးကြီးအတွက် အဖက်ဖက်မှ ကူညီကြသူများအား ကျေးဇူးတင်ကြောင်းပြော။

 

ဥပဥက္ကဋ္ဌ-ရွှေကျင်ဒုတိယသာသနာပိုင် ခန့်အပ်ခြင်း

စုဒ္ဒသမရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ အမိန့်ဖြင့် အောက်ပါ မထေရ်သုံးပါးကို ဒုတိယသာသနာပိုင်အဖြစ် ခန့်အပ်သည်။

၁။ ဘဒ္ဒန္တဝိဇ္ဇောတ သက်တော် ၈၆နှစ်၊ ဝိဇ္ဇောတာရုံကျောင်းတိုက်၊ ရန်ကုန်

၂။ ဘဒ္ဒန္တမာနိတသိရီ သက်တော် ၈၀၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ မန္တလေး၊

၃။ ဘဒ္ဒန္တဉာဏိဿရ သက်တော် ရ၉၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

 

ဝိသိဋ္ဌပုဂ္ဂလ သကလရဋ္ဌ သာသနောပကာရက ဘွဲ့ချီးမြင့်ခြင်း

သာသနာပိုင်ဆရာတော်ကြီးက သာသနာတော်အတွက် ကျေးဇူးများသူ၊ အလုပ်လုပ်သူအတွက် ဒေါက်တာ အရှင်ဆေကိန္ဒအား “ဝိသိဋ္ဌပုဂ္ဂလ သကလရဋ္ဌ သာသနောပကာရက” ဘွဲ့ကို ပေးအပ်တော်မူသည်။

အင်္ဂလန်ရွှေကျင်သာသနာ ပေါ်ပေါက်လာပုံနှင့် သာသနာပြုပုံတို့ကို အင်္ဂလန်ဆရာတော် အရှင်လောကနာထ က လျှောက်ထားသည်။

နေ့လည်ပိုင်းအစီအစဉ်ကို (၁)နာရီမှ စတင်မည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြု အဖွဲ့
www.thesitagu.org

 

shwe-kyin-meeting-11shwe-kyin-meeting-12

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈