Activities

၁၉ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး ပထမနေ့

၁၉ ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ အစည်းအဝေးကြီးကို မှော်ဘီမြို့၊ ဆေကိန္ဒာရာမတောရကျောင်းတိုက်တွင် ၂၀၁၅ခုနှစ် ဇန္နဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသည်။ ၂၆ ရက်နေ့ ညနေပိုင်းတွင် အကြိုအစည်းအဝေးကျင်းပသည်။ ဒီကနေ့ ၂၇ ရက်နေ့တွင် မနက်ပိုင်းနှင့် နေ့လည်ပိုင်း ၂ ကြိမ်ကျင်းပသည်။ ညပိုင်း ယောဆရာတော်၏ တရားပွဲ ကျင်းပသည်။

ထိုအစည်းအဝေးပွဲသို့ ရွှေကျင်သာသနာပိုင် သက်တော် ၉၅ နှစ်ရှိ ဝါဆိုဆရာတော်ကြီး၊ ဒုတိယသာသနာပိုင် ဆရာတော်များ၊ ဂိုဏ်းလုံးဝန်ဆောင် ဆရာတော်များ၊ ထင်ရှားကျော်ကြားသော သီတဂူဆရာတော်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၊ ယောတိပိဋကဆရာတော် စသော ဆရာတော်ကြီးများလည်း တက်ရောက်ကြသည်။ ချင်းပြည်နယ်မှ တပါး တစ်နိုင်ငံလုံးရှိ ရွှေကျင်းကျောင်းပေါင်း ၃၅၀၀ ကျော်မှ ၅ သောင်းကျော်သော ရွှေကျင်သံဃာတော်တို့ကိုယ်စား သံဃာ (၁၀၀၀) ကျော်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရွှေကျင်ဂိုဏ်းသာသနာတော် ကြီးပွားရေး၊ ညီညွတ်ရေး၊ ပြန့်ပွားရေး အပြင် ဂိုဏ်းတွင်းဖြစ်ပေါ်နေသော အခက်အခဲပြသနာများ အကြောင်း၊ ပြည်ပရှိ ရွှေကျင်ဂိုဏ်း သာသနာအကြောင်း ဆွေးနွေးကြသည်။

နေ့လည်ပိုင်းတွင် ရွှေကျင်းဂိုဏ်းနှင့်စပ် စာတမ်းဖတ်ပွဲများ ကျင်းပသည်၊ ထိုစာတမ်းဖတ်ပွဲကို သီတဂူဆရာတော်ကြီးက သဘာပတိ (အခမ်းအနားမှူး) အဖြစ် ဆောင်ရွက်သည်။

သီတဂူဆရာတော်နှင့်စပ်သော အကြောင်းရာပါလာ

ဆွေးနွေးပွဲ စာတမ်းဖတ်ပွဲများတွင် သီတဂူဆရာတော်ကြီးအကြောင်း ထည့်ပြောသွားသည်များကို ကြားလိုက်ရသည်။

(က)

 

သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ သီတဂူဆရာတော်ကြီး၏ မဟာဒါနအကြောင်း

(ခ)

 

ဝိဇိတာရုံဆရာတော်ကြီးက သီတဂူဆရာတော်ကဲ့သို့ စံပြ သာသနာပြု အကြောင်း

(ဂ)

 

သီရိလင်္ကာ ရွှေကျင်သံဃာများက သာသနာတော်အတွက် စွမ်းစွမ်းတမံအားထုတ်သော သီတဂူဆရာတော်ကို ကျေးဇူးတင်ကြောင်း

(ဃ)

 

အမေရိကန်သာသနာပြု ရဟန်းတစ်ပါးက အမေရိကန်၊ တက္ကဆက်ပြည်နယ်ရှိ သီတဂူဆရာတော်ကြီး၏ စေတီ၊ ကျောင်း၊ ကန်တို့သည် မြန်မာမှု မြန်မာဟန် ထုထည်ကြီးမားစွာ တည်ဆောက်ထားပုံ အကြောင်း

(င)

 

ဒေါက်တာ အရှင်စန္ဒနသာရ (ကျောက်မဲဆရာတော်)၏ “ ရွှေကျင်ဂိုဏ်းရဲ့စာတမ်းအစ သီတဂူဆရာတော်က”ဟု သောအကြောင်း (စာတမ်းဖတ်ပွဲထည့်သွင်းကျင်းပလာတာ ၁၆ ကြိမ်မြှောက် ညောင်ရွှေ ရွှေကျင်းဂိုဏ်းလုံးကျွတ်အစည်းအဝေးတွင် သီတဂူဆရာတော်မှ စတင်ခဲ့သည်)

သာသနာတော်အတွက် စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းကြကုန်သော ဆရာတော်သံဃာတော်များကို ဂါရဝပြုလျက်-------------

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြု အဖွဲ့
www.thesitagu.org

shwe-kyin-meetingshwe-kyin-meetingshwe-kyin-meetingshwe-kyin-meeting

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 7 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈