၁၃၇၂ ခုနှစ် တပိုတွဲလဆန်း(၉)ရက်၊ (12-2-2011) ပြည်ထောင်စုနေ့တွင် ဖွင့်လှစ်ခဲ့သော တနင်္သာရီတိုင်း ထားဝယ်မြို့၌ သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်)တွင် အောက်တိုဘာလ၂၅-၂၆-၂၇-၂၈- တွင် မျက်စိအထူးကု အစီအစဉ်များ ရှိပါသည်။
မျက်စိအထူးကု ဆရာဝန်ကြီးများ ဖြစ်ကြသော သီတဂူဒေါက်တာမြအောင် ဦးဆောင်သော မြန်မာဆရာဝန်များ၊ အမေရိကမှ မျက်စိအထူးကု ဆရာဝန်များ၊ သီတဂူအာယုဒါဆေးရုံ (စစ်ကိုင်း)မှ ဒေါက်တာမိမိခင် ဦးဆောင်သော ဆရာ ဆရာမများ ပါ၀င်ကုသပေးကြမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရပ်ဝေး ရပ်နီးမှ မျက်စိဝေဒနာရှင်များ လာရောက်ကုသမှု ခံယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
သီတဂူဆရာတော်ကြီးသည် ထိုမျက်စိအလှူကြွရောက်ပြီး ထားဝယ်၊ မြိတ်စသော မြို့များသို့ ဓမ္မရေအေးများ တိုက်ကျွေးမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ ဓာတ်ပုံများသည် (12-2-2011) နေ့က ဆေးရုံဖွင့်ပွဲမှ ပုံများဖြစ်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
We have 14 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈