ဒီနေ့ (၃၀-၈-၂၀၁၄) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ဗုဒ္ဓတက္ကသိုလ် (Ph.D, M.A Tour) (၅၉)ယောက်ပါ ပါရဂူကျောင်းသားများ၊ မဟာတန်းကျောင်းသားများ လေ့လာရေးအဖွဲ့နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တို့၏ စီမီနာပွဲကြီးကို ခန်းနားထည်ဝါစွာ အောင်မြင်စွာ စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။
အထူးဖိတ်ကြားထားသည့် သီတဂူဒေါက်တာအရှင်ဣန္ဒက၊ ဒေါက်တာခင်မောင်ညွှန့်၊ ဦးအောင်သိန်းညွှန့်နှင့် ထိုင်းနိုင်ငံမှ စာပေပညာရှင်များက စားတမ်း (၅)စောင် ဖတ်ကြားကြသည်။ ပြင်ပလေ့လာသူများ၊ ထိုင်း-မြန်မာကျောင်းသား ၁၂၀ တက်ရောက်ကြသည်။ နေ့လည် (၁)နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံအဖွဲ့က ကမကထပြုလုပ်ပေးသည်။
တော်ဝင်ဂါးဒင်းဟိုတယ်နှင့် တော်ဝင်စင်တာ “တော်ဝင်မိသားစု ကုမ္ပဏီ”က ဧည့်ခံကျွေးမွေးသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
We have 11 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈